Aug 14, 2020
အစိုးရ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)အတွင်းရေးမှူးများနှင့် နိုင်ငံရေးပါတီအစုအဖွဲ့မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre-NRPC) ၌ ကျင်းပသည်။
Aug 14, 2020
ရမည်းသင်းမြို့နယ် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်း ဆောင်ရွက် ရမည်းသင်း ဩဂုတ် ၁၄ ဇော်ဝင်းအောင်
Aug 14, 2020
ကိုဗစ်-၁၉ ကုစားမှုအနေဖြင့် Cash for Work စီမံကိန်းလုပ်ငန်းကို သမိန်လစ်ကျေးရွာ၌ လမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက် ကော့ကရိတ် ဩဂုတ်၁၄ မျိုးမင်းဦး
Aug 14, 2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၀ ပြည့် နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ဇူလိုင် လ ၂၅ ရက်မှစတင်၍ ပထမအကြိမ်ထုတ်ပြန်ကြေညာ ထားပေးရာ ယနေ့ အထိ မဲစာရင်းလာ ရောက်ကြည့်ရှု သူ ဦးရေ (၇၅၄၉၈) ဦးခန့် ရှိပြီး လာရောက်လျှောက်ထားသူ ကန့်ကွက်သူနှင့် ပြင်ဆင်သူ များရှိကြောင်း သိရသည်။
Aug 14, 2020
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စုနှင့် ဝဲကရင်ကျေးရွာအုပ်စုတို့တွင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဘားအံရုံးနှင့် NRC(Norwegian Refugee Council)တို့ပူးပေါင်း၍ နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့နံနက်ပိုင်းက ပေးအပ်ပွဲအခမ်းအနားကို နောင်ကုန်း (ဝဲကရင်) ရွာတွင် ပြုလုပ်သည်။
Aug 14, 2020
ကယားပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ် အတွင်း ကိုဗစ်−၁၉ ထိန်းချုပ် ကာကွယ် တားဆီးရေး လုပ်ငန်းများအား
Aug 14, 2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်း၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းတွင်ပါဝင်သည့် မဇေကျေးရွာအုပ်စု၊ ပြင်ကြီးကျေးရွာနှင့် တညက်ကျေးရွာအုပ်စု၊ ကသာရိုင်ကျေးရွာတို့အား ရန်ပုံငွေများလွှဲပြောင်းပေးအပ်ပွဲကို သြဂုတ် ၁၁ ရက်နေ့က အဆိုပါ ကျေးရွာနှစ်ရွာရှိ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ကျင်းပခဲ့ကြောင်း သိရသည်။
Aug 14, 2020
ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ အရေးပေါ်ကွပ်ကဲမှုစင်တာ (Emergency Operation Center) ဖွင့်ပွဲနှင့် ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Aug 14, 2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
Aug 14, 2020
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသည် ကယားပြည်နယ်အတွင်းရှိ Facility Quarantine ဝင်ရောက်နေကြသည့် စောင့်ကြည့်လူနာများအတွက် ငွေကျပ်သိန်း (၃၀၀)၊ စားနပ်ရိက္ခာထုပ်များနှင့် COVID-19 ကာကွယ်ရေးပစ္စည်းများ စုစုပေါင်း တန်ဖိုးငွေကျပ် (၄၇၄.၇၈) သိန်းကို ယနေ့ညနေပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့သည်။
Aug 14, 2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ် (Maternal and Child Cash Transfer Program – MCCT) အား ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှစတင်၍ ထောက်ပံ့နိုင်ရန်အတွက် ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးသည့် သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်တွင် ကျင်းပသည်။
Aug 14, 2020
ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်တွင်းခရီးသွားများ အဆင်ပြေ စေရန်နှင့် ခရီးသွားလာမှု အခက်အခဲ မရှိဘဲ အဆင်ပြေလွယ်ကူစေရန် Air KBZ လေကြောင်းလိုင်းက အထူးအစီ အစဉ် ထပ်မံပြုလုပ်ပေးထားကြောင်း သိရသည်။ Air KBZ လေကြောင်း လိုင်းသည် ခရီးသည်များ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေးနှင့် ပြည်တွင်း ခရီးသွားကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး ရည်ရွယ်ချက်များ ဖြင့် အထူးအစီအစဉ်များ ဆက်တိုက် ပြုလုပ်ပေးနေခြင်းဖြစ်သည်။
Aug 14, 2020
စိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ စီမံခန့်ခွဲရေးဌာနစုနှင့် ဓာတ်ခွဲခန်း (၇) ခုသည် နိုင်ငံတကာအဆင့်မီ ISO 9001: 2015 (QMS) လက်မှတ် ရရှိပြီးဖြစ်ရာ အဆိုပါ အသိအမှတ်ပြု လက်မှတ်ပါ အရည်အသွေးထိန်းသိမ်း ခြင်းများ ဆောင်ရွက်ရာတွင် သတ်မှတ် စံချိန် စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်မှုအား ၂၀၂၀ ပြည့်နှစ်အတွင်း ဒုတိယအကြိမ် မြောက် ပြန်လည်သုံးသပ်စိစစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း က နဝရတ်ခန်းမ၌ ကျင်းပ သည်။
Aug 14, 2020
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကျောက်တန်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူ သုံးဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Aug 14, 2020
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ တံတား တစ်စင်းအား AA အကြမ်းဖက်သောင်းကျန်းသူ များက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။
Aug 14, 2020
၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသော နှစ်တစ်နှစ်ဖြစ် သည်။ ယခုနှစ်ကြုံတွေ့ ရသည့်အရေးကိစ္စများအနက် တစ်ကမ္ဘာလုံး ကြုံတွေ့နေရဆဲဖြစ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပါတီစုံ ဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေးတို့သည် အရေး ကြီးဆုံးဖြစ်သည်။ နိုင်ငံအတွင်း အခြားအရေးကြီးကိစ္စများရှိသော်ငြား လည်း ကိုဗစ်နှင့် ရွေးကောက်ပွဲသည် လတ်တလော၌ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအားလုံးနှင့် တိုက်ရိုက်သက်ဆိုင် နေသည်။
Aug 14, 2020
(၉)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကို ဩဂုတ် ၁၃ ရက်တွင် ကျင်းပခဲ့ရာ ယင်းအစည်းအဝေး တွင် သဘောတူညီချက် ခုနစ်ချက် ရရှိခဲ့သည်။ ၎င်းသဘောတူညီ ချက်များမှာ အလွယ်တကူ ရရှိခဲ့ခြင်းမဟုတ်ဘဲတွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းများတွင် မတူကွဲပြားမှုများအကြားမှ အပေးအယူ၊ အလျှော့ အတင်းများဖြင့် ညှိနှိုင်းဆွေးနွေးကြကာ သဘောတူညီမှု ရရှိခဲ့ကြ ခြင်းဖြစ်သည်။
Aug 14, 2020
အွန်လိုင်းမီဒီယာနှင့် မူပိုင်ခွင့်ဆိုင်ရာခေါင်းစဉ်ဖြင့် မြန်မာ့မီဒီယာအရွေ့အပေါ် သုံးသပ် ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည်။
Aug 13, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၁)ဦးအား မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့(၁၇၃၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။
