Skip to main content

May 27, 2025

ပြန်ကြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ကြီးမှူး၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့(Myanmar Narrative Think Tank) က စီစဉ်ကျင်းပသော “ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း” (Forum on Rebuilding Myanmar: Post-Earthquake Economic Recovery) သုံးသပ်ဆွေးနွေးပွဲကို မေ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2025

ကလောအနည်ကျချိုင့်ဝှမ်း (Kalaw Basin) အတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့်နေရာများ ရှာဖွေဖော်ထုတ်နိုင်ရေး ပထမအကြိမ်ပဏာမစူး စမ်းလေ့လာခြင်းလုပ်ငန်းကွင်းဆင်း ဆောင်ရွက်ကြမည့် ပူးပေါင်းအဖွဲ့များအား တွေ့ဆုံအားပေးခြင်းနှင့် စခန်းချအောင်နိုင်ရေး အလံပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စွမ်းအင် ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2025

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း) A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၈) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဒီဂရီကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဒုတိယဝန်ကြီးဦးလူမွန်နှင့်အတူ ပဲခူးတိုင်းဒေသကြီးပဲခူးမြို့နှင့် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့အတွင်းရှိ ဆက်သွယ်ရေးအခြေခံအဆောက်အအုံများနှင့် ဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာ့သင်္ဘောကျင်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2025

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် ဝန်ကြီးဌာနများ၊ ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2025

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မေ ၂၃ ရက် မွန်းလွဲပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တော်ရှိ ကမ္ဘာကျော်သမိုင်းဝင်နေရာများသို့ သွားရောက်လေ့လာသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတက်ရောက်အမှာစကား ပြောကြားသည်။    

ဆက်လက်ဖတ်ရှုရန်

May 27, 2025

ယခုအချိန်ကာလသည် ရာသီအကူးအပြောင်းကာလဖြစ်၍ ပြည်သူများအနေဖြင့် မိုးဦးကျကာလတွင် ဖြစ်ပွားတတ်သောရောဂါများ၊ ကူးစက်တတ်သောရောဂါများကို ကြိုတင်ကာကွယ်ထားကြရမည်ဖြစ်သည်။ မိုးရာသီကာလတွင် သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများအပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်သည့် ရာသီတုပ်ကွေးရောဂါနှင့်ဖြစ်ပွားနိုင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2025

လွန်ခဲ့သည့်သီတင်းပတ်က သတင်းများအရ ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်လျက်ရှိသည်ဟု သိရသည်။ ပုံမှန်တုပ်ကွေးရောဂါထက် ကူးစက်မှု ခုနစ်ဆ ပိုမိုမြန်ဆန်သည့် အိုမီခရွန် XEC အမျိုးအစား ကိုဗစ်-၁၉ ရောဂါမျိုးကွဲ ကူးစက်ပျံ့နှံ့မှု အခြေအနေကို စောင့်ကြည့်နေသည်ဟုလည်းဆိုသည်။ ထိုင်းတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၁၄ ရက်နေ့အထိ လေးလခွဲမျှကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၁၀၀၀ ကျော်ရှိပြီး ရောဂါကြောင့် သေဆုံးသူ ၁၉ ဦးရှိခဲ့သည်ဟုလည်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 26, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

May 26, 2025

မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ ဦးဆန်းဦး (မင်းလပြည့်-ဟားခါး) တို့သည် မေ ၂၄ ရက် နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့ ကွမ်းရှီးမင်ဇူးတက္ကသိုလ်တွင် စတင်ကျင်းပသည့် တရုတ်-အာဆီယံ ၁၀ နိုင်ငံလူငယ်စာပေဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

May 26, 2025

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်က ဆောင်ရွက်လျက်ရှိသည့် တိပိဋကပါဠိ-မြန်မာအဘိဓာန်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်း တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 26, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 26, 2025

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ သဘာဝဘေးအန္တရာယ်နှင့် လူအများထိခိုက်ဒဏ်ရာရရှိမှုများအတွက် ကုသမှုဆောင်ရွက်ပေးနိုင်ရေး Mass Causality Management Plan (၂၀၂၅) အတိုင်း ဆေးရုံရှိအဆောက်အအုံများ ပျက်စီးမှုများရှိနိုင်ခြင်းအပါအဝင် case scenario များဖြင့် သရုပ်ပြလေ့ကျင့်ခြင်းကို မေ ၂၃ ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန၌ ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 26, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ကျိုင်းတုံမြို့နယ်ရှိ ရှမ်းပြည်နယ် (အရှေ့ပိုင်း) စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 26, 2025

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ သမ္မတဟောင်းနှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဟောင်းဖြစ်သူ H.E. Mr. Tran Duc Luong သည် ၂၀၂၅ ခုနှစ် မေ ၂၀ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်းအတွက် ရန်ကုန်မြို့ကမာရွတ်မြို့နယ် သီရိမင်္ဂလာလမ်း လမ်းသွယ် (၁) အမှတ်၄၀ (အေ) ရှိ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံး၌ ဖွင့်လှစ်ထားရှိသော ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ဗီယက်နမ်နိုင်ငံသံရုံးသို့ သွားရောက်လက်မှတ်ရေးထိုးသည်။

ဆက်လက်ဖတ်ရှုရန်

May 26, 2025

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနဝန်ကြီး H.E.Mr. Kostantin Chuychenko ၏ ဖိတ်ကြားချက်အရ မေ ၁၉ ရက်မှ ၂၁ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာဇဘတ်မြို့၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနကကျင်းပသည့် (၁၃) ကြိမ်မြောက် စိန့်ပီတာဇဘတ် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ်၊ နိုင်ငံသားများအား အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးအလွဲသုံးစားပြုလုပ်၍ တရားစီရင်ခြင်းမှ အပြန်အလှန်အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းအခမ်းအနားနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ် H.E. Mr. IGOR KRASNOV ၏ ဖိတ်ကြားချက်အရ မေ ၂၃ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးကကျင်းပသည့် နှစ်နိုင်ငံအစည်းအဝေး၊ နိုင်ငံသားများအား အပြည်ပြည်ဆိုင်ရာတရားစီရင်ရေး အလွဲသုံးစားပြုလုပ်၍ တရားစီရင်ခြင်းမှ အပြန်အလှန်အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်၏ လုပ်ထုံးလုပ်နည်းများဆိုင်ရာ နောက်ဆက်တွဲ စာချုပ်လက်မှတ်ရေးထိုးခြင်းအခမ်းအနား၊ နှစ်နိုင်ငံဥပဒေရေးရာ ကျွမ်းကျင်သူများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 26, 2025

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေသည် တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းလင်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် ငလျင်ဒဏ်နှင့် မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် မန္တလေးတက္ကသိုလ်တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 26, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရွာသစ်ကြီးကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 26, 2025

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ရွှေရည်မွန်ထုတ်လုပ်မှုကုမ္ပဏီလီမိတက်၏ အိုးဝေကော်ဖီနှင့် ကော်ဖီဗမာ ထုတ်လုပ်သည့်လုပ်ငန်းသို့ရောက်ရှိပြီး အသင့်သောက်သုံးနိုင်သည့် ကော်ဖီများထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်