Skip to main content

Feb 24, 2025

ယနေ့အချိန်အခါတွင် နိုင်ငံတော်အတွင်း အကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများ၊ လက်နက်ကိုင်သောင်းကျန်းမှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံတော်ကို ပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ်များစွာရှိနေခြင်းသည် နိုင်ငံတော်အတွက် အန္တရာယ်အလွန်ကြီးမားလှသည်။ ထိုသို့ပြုလုပ်နေမှုများမှာ ပယောဂအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးတို့ကိုအခြေခံသည့် ဤနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့ကြသော မြန်မာနိုင်ငံသားများဖြစ်နေသည်ကို အံ့ဩဖွယ်တွေ့ရသည်။ ဤမြေတွင် နေ၊ ဤရေကိုသောက်၍ မိမိနိုင်ငံကို မိမိတို့ကိုယ်တိုင်ဖျက်ဆီးကြသော လူမျိုးသည် ကမ္ဘာပေါ်တွင် ရှားပါးလွန်းလှသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2025

ရန်ကုန်သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်ပြီး လူဦးရေအထူထပ်အသိပ်သည်းဆုံး ဒေသလည်းဖြစ်သည်။ နိုင်ငံ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကျော်နေထိုင်ပြီး စက်မှုဇုန်အများဆုံးတည်ရှိသလို စီးပွားရေးအချက်အချာ ဖြစ်သည့်အလျောက် မြို့ပြသယ်ယူပို့ဆောင်မှုပမာဏမှာလည်း ကြီးမားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2025

နေ၊ ဂြိုဟ်တုနှင့် TVRO(စလောင်း)တို့ တစ်တန်းတည်းကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်ပြီး ယင်းသို့ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှပေးပို့ထုတ်လွှင့်နေသော အရုပ်/အသံအချက်အလက်များ ခေတ္တယာယီပြတ်တောက်မှုများဖြစ်ပေါ်လေ့ရှိကြောင်း၊ Sun Outage ဖြစ်စဉ်မှာ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး နှစ်စဉ်မတ်လတွင် တစ်ကြိမ်၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းတို့တွင် တစ်ကြိမ်ကြုံတွေ့ရလေ့ရှိကြောင်း၊ ယင်းဖြစ်စဉ်သည် ထုတ်လွှင့်သည့် ဂြိုဟ်တု၊ ဖမ်းယူသည့် TVRO(စလောင်း) အရွယ်အစားနှင့် တည်နေရာတို့အပေါ်မူတည်၍ Sun Outage ဖြစ်သောအချိန်နှင့် Signal ပြတ်တောက်မှုကြာချိန်တို့ ကွာခြားမှုရှိကြောင်း၊ Sun Outage ဖြစ်စဉ်ကြောင့် Thaicom-6 ဂြိုဟ်တုကို အသုံးပြု၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသော TV Channel များနှင့် ရေဒီယို အစီအစဉ်များသည် မတ် ၇ ရက်မှ ၁၇ ရက်အထိ နေ့စဉ် ၁ မိနစ်မှ ၁၈ မိနစ်ခန့်အထိ Signal ပြတ်တောက်မှုဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Feb 23, 2025

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2025

မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်(၂၇) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2025

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် ၃/၂၀၂၄ ပါဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ၁၉ ခုရှိ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူးနေရာ ၉၈၀ ရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့်မော်လမြိုင်မြို့များရှိ စာစစ်ဌာနငါးခု၌ ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် တစ်ပြိုင်တည်းကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2025

လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့က နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (TTTC ဘယ်လင်း)၌ ကျင်းပသည့် EV ပြုပြင်ထိန်းသိမ်းမှုသင်တန်း (၂/၂၀၂၅) ဆင်းပွဲအခမ်းအနားသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2025

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ပဉ္စမအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေးသို့ တက်ရောက်ရန် နေပြည်တော်၌ ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Maxim RESHETNIKOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Resort ၌ ဂုဏ်ပြုညစာစားပွဲဖြင့် ကြိုဆိုတည်ခင်းဧည့်ခံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2025

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းတွင် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပြခန်း၌ ဦးစီးဌာနလေးခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တစ်ဦးချင်းအခက်အခဲများ ကိုမေးမြန်းကာ လုံခြုံရေးအသိဖြင့် သွားလာကြရန်၊ မိမိတို့ ဝန်ထမ်းဘဝတိုးတက်ရေးအတွက် ကိုယ်စီကြိုးစားအားထုတ်ကြရန် တိုက်တွန်းမှာကြားပြီး ဦးစီးဌာနအလိုက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2025

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ “RC-Investments” Foundation မှ Director Mr. Alexander S. SHATIROV အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယနေ့နံနက်ပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၆၄)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ တက်ရောက်အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2025

မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၏ အမျိုးသားအဆင့်မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာ ၄.၈ အရ မူပိုင်ခွင့်မှုခင်းများအား စစ်ဆေးစီရင်မည့် တရားသူကြီးနှင့် တရားရေးအရာရှိများကို မူပိုင်ခွင့်ဆိုင်ရာ အသိပညာများဖြန့်ဝေပို့ချပေးရန်၊ မဟာဗျူဟာ ၆ အရ မူပိုင်ခွင့်ချိုးဖောက်မှုများကို တားဆီးကာကွယ်နိုင်စေခြင်းငှာ သက်ဆိုင်ရာတရားသူကြီးများကို လေ့ကျင့်သင်ကြားပေးရန်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မဟာဗျူဟာရည်မှန်းချက် ၅.၂ ပါ မူပိုင်ခွင့်ဥပဒေများနှင့် စပ်လျဉ်းသည့် အသိပညာပေးအစီအစဉ်များဆောင်ရွက်ရန် ရည်ရွယ်၍ မူပိုင်ခွင့်ချိုးဖောက်မှုများ တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Awareness Seminar for the Enforcement of Intellectual Property Rights)ကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် Judicial College ၌ ပူးတွဲစနစ် (In-person/Virtual) ဖြင့် ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ထိုင်းဘုရင့်တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Songwit Noonpackdee ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2025

ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maris Sangiampongsa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၂ ရက်အထိ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2025

လက်ရှိကာလတွင် တပ်မတော်သည် ပြည်သူလူထုလိုလားသော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်ရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2025

လာမည့်မတ်လ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် KG+12 တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် လျှောက်လွှာတင်သွင်းထားသူစုစုပေါင်း ၂ ဒသမ ၂ သိန်းကျော်ရှိသည်။ ယမန်နှစ် ၂၀၂၄ ခုနှစ်မတ်လတွင်ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ဧပြီလနှင့် မေလတို့တွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် တစ်နိုင်ငံလုံးမှ စာမေးပွဲဖြေဆိုသူစုစုပေါင်း ၁၂၈၈၂၀ ဦးရှိသည့်အနက် ၇၄၅၉၂ ဦးအောင်မြင်ခဲ့ရာ အောင်ချက် ၅၈ ရာခိုင်နှုန်းခန့်ရှိခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းမှု ၁ ဒသမ ၄၆ သန်းကျော်ရှိခဲ့ရာ ယခုနှစ်တွင် ပိုမိုများပြားလာခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2025

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူ့ဆေးရုံများ၌လည်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်