Jan 18, 2025
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များ အောင်မြင်စေရန်၊ ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိစေရန်၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ MSME လုပ်ငန်းများ ရေရှည်တည်တံ့နိုင်ရန်ဟူသော ရည်ရွယ်ချက်များနှင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို လာမည့် ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၄ ရက်အထိ ငါးရက်တိုင်တိုင် ကျင်းပသွားရန် ပြင်ဆင်မှုများပြုလုပ်နေပြီဖြစ်သည်။ အဆိုပါပြပွဲနှင့် ပြိုင်ပွဲသို့ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင်ရှိသော MSME လုပ်ငန်းများက လာရောက်ယှဉ်ပြိုင်ပြသရောင်းချခြင်းအားဖြင့် MSME များ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်ရန်၊ တန်ဖိုးမြှင့်ထုတ်ကုန်အသစ်များကို ပြည်တွင်းမှ ပိုမိုသုံးစွဲနိုင်ရန်၊ ပြည်ပသို့ဈေးကွက်ချဲ့ထွင်နိုင်ရန် အစရှိသည့် အကျိုးကျေးဇူးများရရှိနိုင်ကြမည်ဖြစ်သည်။
Jan 17, 2025
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၉/၂၀၂၄)သို့ တက်ရောက်ရန် ဘားအံမြို့၊ နယ်မြေခံတပ်ရင်းသို့ရောက်ရှိနေသည့် ကရင်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်တွေ့ဆုံသည်။
Jan 17, 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်ကျောက်မှော်ကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့များက ဇန်နဝါရီ ၁၅ ရက်နေ့တွင် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၅ လုံးပျက်စီးခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းတုသတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိကြောင်းတွေ့ရှိရသည်။
Jan 17, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်အတွင်း ခပေါင်းဆည်ရေသောက်စနစ် နွေစပါး စိုက်ပျိုးရေပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးသည်။
Jan 17, 2025
မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၏ (၇၃)ကြိမ်မြောက်မျက်နှာ စုံညီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနုမြဇံနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဒေါက်တာဘဒ္ဒန္တ ဦးပညိန္ဒနှင့် အဖွဲ့ဝင်ပညာရှင်ကြီးများ တက်ရောက်ကြသည်။
Jan 17, 2025
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS)၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Sanjay Mathur နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။
Jan 17, 2025
ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဗဟိုအဖွဲ့အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jan 17, 2025
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
Jan 17, 2025
ဆေးသုတေသနဦးစီးဌာန သုတေသီများ၊ မြန်မာနိုင်ငံအမျိုးသား တီဘီတိုက်ဖျက်ရေးစီမံကိန်းမှ ပညာရှင်များသည် ကိုရီးယားသမ္မတနိုင်ငံမှ ပညာရှင်များနှင့်ပူးပေါင်း၍ ဇန်နဝါရီ ၁၆ ရက်မှ ၁၇ ရက်အထိ တီဘီဆေးသစ်များ၏ ဆေးယဉ်ပါးမှုနှင့် ဆေးယဉ်ပါးတီဘီမျိုးဗီဇ ဓာတ်ခွဲစမ်းသပ်မှုနည်းပညာဆိုင်ရာများကို အဆင်မြင့်မော်လီကျူး သုတေသနဌာန၌ စာတွေ့လက်တွေ့ သင်ကြားပြသပေးကြသည်။
Jan 17, 2025
၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေးအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဆပ်ကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 17, 2025
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရွှေပြည်သာအားကစားကွင်း၌ ကျင်းပသည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
Jan 17, 2025
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jan 17, 2025
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန်း၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၄ ရက်က လွိုင်ကော်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနလေးခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။
Jan 17, 2025
မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်း ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပသည်။
Jan 17, 2025
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကယားပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းစိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယမန့်နေ့ကလွိုင်ကော်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
Jan 17, 2025
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅)ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။
Jan 17, 2025
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဘန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services-UNOPS)၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Sanjay Mathur အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jan 17, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ မြို့လယ်ဓမ္မာရုံ၌ ကျင်းပသည့် နယ်စပ်ရေးရာဝန်ကြီးဌာနက အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပျက်စီးသွားသော နေအိမ်များနှင့် သဘာဝဘေးကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ငွေသား၊ ဆန်၊ ဆီ၊ ပဲ၊ ဆားပေးအပ်ခြင်းနှင့် ကယားပြည်နယ်အစိုးရအဖွဲ့က ယာယီနေရပ်စွန့်ခွာရာမှ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအား ဆန်၊ ဆီ၊ ပဲ၊ ဆား ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။
Jan 17, 2025
“မြန်မာနိုင်ငံသည် လွတ်လပ်ရေးနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်း (၇၆)နှစ် ကျော်လွန်ခဲ့ပြီဖြစ်၍ လက်နက်ကိုင်ပဋိပက္ခ မည်သည့်အကြောင်းကြောင့်ဖြစ်ပွားနေရသည်ကို ပြန်လည်ဆန်းစစ်ကြည့်ရန်လိုပါသည်။ သမိုင်းကြောင်းကိုသိမှ ပစ္စုပ္ပန်ကာလ၌ အားနည်းချက်များကိုသိမြင်ပြီး အနာဂတ်အတွက် အကျိုးဖြစ်ထွန်းမည်ဖြစ်ပါသည်။ နိုင်ငံရေးအယူအဆကွဲလွဲမှုများကို နိုင်ငံရေးနည်းနှင့်မဖြေရှင်းဘဲ လက်နက်စွဲကိုင်ခဲ့ကြရာက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေခြင်းဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုမရှိခြင်းကို သတိပြုသင့်ကြပါသည်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ (၇၃)နှစ်မြောက် ကယားပြည်နယ်နေ့သို့ ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြထားသည်။
