Jan 06, 2025
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
Jan 06, 2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများကို ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ (မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်း စသည့်သင်တန်းများကို ဘဏ္ဍာနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ် (၈)ခု၊ အပတ်စဉ်တစ်ခုလျှင် (၆)ပတ်ကြာ သင်ကြားပေးလျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း အထူးသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
Jan 06, 2025
၁။ ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ - ၂၂ တွင် အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ်စေရမည်ဟု ပြဋ္ဌာန်းထားပါသည်-
Jan 06, 2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Jan 06, 2025
“နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို အခက်အခဲအကျပ်အတည်းများ ကြုံတွေ့ရပါကရပ်တန့်နေ၍မရဘဲ ရှေ့သို့ဆက်လက် လှမ်းချီနေရမည်ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးသည် စီးပွားရေးပင်ဖြစ်သည်ဟုခံယူကာ ပြည်သူများ စားဝတ်နေရေးပြေလည်မှုမှတစ်ဆင့် လူနေမှုအဆင့်အတန်းမြင့်မားလာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် အဓိကရည်မှန်းချက်ထား၍ ဆောင်ရွက်လျက်ရှိပါသည်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
Jan 06, 2025
မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများ၏ သရုပ်သကန်အမှန်များကို မကြာသေးမီကာလများအတွင်း မိမိတို့ရှင်းရှင်းလင်းလင်း တွေ့မြင်ကြရပြီးဖြစ်သည်။ နိုင်ငံတော်နှင့် နိုင်ငံတော်၏ တစ်ခုတည်းသော အင်စတီကျူးရှင်းဖြစ်သည့် တပ်မတော်ကို ဆန့်ကျင်ပုန်ကန်တိုက်ခိုက်နေကြသည့် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များမှာ ၎င်းတို့၏သရုပ်မှန်ကို ဖုံးကွယ်ရန်အတွက် မည်သို့ပင် အသံကောင်းဟစ်အော်ကြွေးကြော်နေစေကာမူ လက်တွေ့တွင်မူ မှားယွင်းသောအမြင်မှ ဖြစ်ပေါ်လာသည့် ကျဉ်းမြောင်းသော လူမျိုးရေးဝါဒကို စွဲကိုင်ထားကြသူများသာဖြစ်သည်။ အချို့ဆိုလျှင် လူမျိုးရေးဝါဒကို ဟန်ဆောင်ဆွဲကိုင်ထားခြင်းမျှသာဖြစ်ပြီး တကယ့်အမှန်တရားမှာ ခေါင်းဆောင်ပိုင်း၏ အာဏာနှင့် ကြွယ်ဝချမ်းသာမှုက အဓိကဖြစ်သည်ကို တွေ့မြင်နိုင်သည်။
Jan 05, 2025
နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့် ပတ်သက်ဆက်နွှယ်နေသောအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jan 05, 2025
၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ကြီးဌာနများ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များတွင် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ နိုင်ငံ့ဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူလူထုများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
Jan 05, 2025
၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း သိုလှောင်ဖြန့်ဖြူးရေးဌာနအောက်ရှိ ဓာတ်ဆီအရောင်းဆိုင်များအနက် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် ရာဇသင်္ဂဟလမ်းမကြီးဘေးရှိ ဓာတ်ဆီအရောင်းဆိုင်အမှတ် (၀၃၅၄) ကို ယနေ့နံနက်ပိုင်းတွင်ဖွင့်လှစ်ပြီး သုံးဘီးမော်တော်ဆိုင်ကယ်နှင့် မော်တော်ဆိုင်ကယ်ဆီများကို ဒေသန္တရပေါက်ဈေးထက် သက်သာသည့်ဈေးနှုန်းဖြင့် ပြည်သူများထံ တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
Jan 05, 2025
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Ms. Ma Jia အား ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jan 05, 2025
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော မြန်မာတိုင်းရင်းသားများသည် အရေးကြီးသည့်အခါ သွေးနီးပြီး အရေးကြုံသည့်အခါ သွေးဆုံကာ ပြည်နယ်၊ ပြည်မ မခွဲခြားဘဲ တစ်သွေးတည်း၊ တစ်သားတည်းတစ်အူထုံ့ဆင်း ဆွေမျိုးရင်းချာစိတ်ဓာတ်ဖြစ်သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လွတ်လပ်ရေးကို အရယူခဲ့ကြသည်။ ပြည်ထောင်စုစိတ်ဓာတ်သည် အတိတ်သမိုင်း၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင်အရင်းခံဖြစ်သကဲ့သို့ အနာဂတ်ဒီမိုကရေစီနိုင်ငံတော်ကို ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။
Jan 05, 2025
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များ၏ပညာရေးသည် ပထမ၊ ပညာရေးသည် ဒုတိယ၊ ပညာရေးသည် တတိယ အရေးအကြီးဆုံးဖြစ်သည်ဟု ဗြိတိန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်ခဲ့သူ တိုနီဘလဲက ပြောခဲ့ဖူးသည်။ ထိုစကားသည် ရွေးကောက်ပွဲအတွက် မဲဆွယ်ရန်ပြောသည့် စကားဟုဆိုစေကာမူ မှတ်သားလောက်စရာလည်းဖြစ်သည်။ ပညာရေးကဏ္ဍကိုအာရုံစိုက်၍ အလေးအနက်ထားရင်းနှီး မြှုပ်နှံခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။
Jan 04, 2025
နိုင်ငံတော်အစိုးရက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေရန်၊ အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Jan 04, 2025
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းပေးသည်။
Jan 04, 2025
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားများကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ တစ်ချိန်တည်း တစ်ပြိုင်တည်း အသီးသီးကျင်းပပြုလုပ်ကြရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသူများနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
