Skip to main content

Dec 16, 2024

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2024

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2024

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအားလုံးတို့သည် ရှေးနှစ်ပေါင်းထောင်ချီကတည်းက အေးအတူပူအမျှ တစ်မြေတည်းနေ တစ်ရေတည်းသောက် စည်းလုံးညီညွတ်ခဲ့ကြသည့် ပြည်ထောင်စုဖွားညီအစ်ကိုမောင်နှမများဖြစ်ကြသည်။ နိုင်ငံတော်အတွင်း ပြည်ထောင်စုနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး၌ ဒေသအကျိုး၊ ပြည်ထောင်စုကြီးအကျိုးကို ရှေးရှုလက်တွဲဆောင်ရွက်လာကြရာ ယနေ့ထက်တိုင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် ကမ္ဘာ့အလယ်တွင် တင့်တယ်စွာရပ်တည်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2024

မြန်မာလူငယ်များအတွင်း Pod ခေါ် အီးစီးကရက်သုံးစွဲမှု မြင့်တက်လာလျက်ရှိရာ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသားငယ်အချို့ ကျောင်းသို့ ယူဆောင်လာသည်ကိုပင် စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။ တစ်ဖက်တွင်လည်း အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချသည့်ဆိုင်များကလည်း Podကို သုံးစွဲသင့်ကြောင်း၊ ဘေးထွက်ဆိုးကျိုးမရှိကြောင်းနှင့် ဆေးလိပ်ဖြတ်ရာတွင် အထောက်အကူပြုကြောင်း၊ ပေါ့ဒ်ကိုသုံးစွဲခြင်းက ခေတ်မီခြင်း၏ ပြယုဂ်ဖြစ်ပြီး စမတ်ကျကြောင်းစသည်ဖြင့် အွန်လိုင်းတွင် ဆွဲဆောင်ကြော်ငြာ အရောင်းမြှင့်တင်မှုများ ပြုလုပ်နေကြသည်ကိုလည်း အများအပြား တွေ့ရှိနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2024

(၇၇) နှစ်မြောက် တပ်မတော် (လေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်၊ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ် (လေ) များ၊ လေတပ်ကွပ်ကဲမှုဌာနချုပ်မှူးများ၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ မိတ္ထီလာတပ်နယ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော် (လေ) ၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် နိုင်ငံတော်နှင့် တပ်မတော်၏ လေကြောင်းစွမ်းပကားမြင့်မားစေရန်အတွက် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2024

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက် တပ်နယ်များ၌ ကျင်းပပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ (တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် စုပေါင်းတန်းစီကွင်းနှင့် တပ်နယ်စုပေါင်းတန်းစီကွင်းများ၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ်အားကစားကွင်းနှင့် တပ်နယ်အားကစားကွင်းများ၌လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် စုပေါင်းတန်းစီကွင်းနှင့် တပ်နယ်စုပေါင်းတန်းစီကွင်းများ၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ်ဘောလုံးကွင်း၌လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် စုပေါင်းတန်းစီကွင်းနှင့် တပ်နယ် စုပေါင်းတန်းစီကွင်းများ၌လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မန္တလေးတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို နန်းမြို့တွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်ကြီးအနီး၌လည်းကောင်း အသီးသီးကျင်းပပြုလုပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်မှုမြင်ကွင်း

ဆက်လက်ဖတ်ရှုရန်

Dec 15, 2024

ပဉ္ဓမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင် ဆက်လက်ကျင်းပလျက်ရှိရာ သက်ဆိုင်ရာအားကစားနည်းအလိုက် တာဝန်ရှိသူများနှင့် ပါဝင်ယှဉ်ပြိုင်ကြသူများအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Dec 15, 2024

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး ဆက်လက်ကျင်းပလျက်ရှိရာ ပြိုင်ပွဲအသီးသီးမှ အားကစားသမားများ၊ ကြီးကြပ်သူများ၊ နည်းပြများနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်မှအချို့အား ကောက်နုတ် ဖော်ပြလိုက်ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း / ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2024

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးတို့နှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ ကန်ဆယ်တူးဖော် ပြုပြင်ထိန်းသိမ်း လှူဒါန်းခြင်း ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေနှင့် ခွန်စံလွင်တို့ ဦးဆောင်သောအဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ဦးဇော်အေးမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်း အနားများကို ယနေ့တွင် နေပြည်တော်ရှိ သက်ဆိုင်ရာ အားကစားကွင်းနှင့် အားကစားရုံများ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2024

ရန်ကုန်စီးပွားရေးတက္ကသိုလ် စတင်ထူထောင်ခြင်း နှစ် (၆၀) ပြည့် အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်တက်ရောက်၍ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2024

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ (၃၃) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများသည် လာအိုနိုင်ငံ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန၏ဖိတ်ကြားချက်အရ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင်ကျင်းပသည့် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် ပို့ဆောင်မှုလွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်ဆိုင်ရာ ပူးတွဲကော်မတီ၏ နဝမအကြိမ်မြောက်အစည်းအဝေးနှင့် အမျိုးသားပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးကော်မတီ အဆင့်မြင့်အရာရှိကြီးအဆင့် အကြိုညှိနှိုင်း အစည်းအဝေးများသို့တက်ရောက်ရန် ဒီဇင်ဘာ ၁၁ ရက်နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2024

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်လှည့်ဆေးကုသရေး အဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် သိုက်တူးကန်ကျေးရွာမှ ဒေသခံပြည်သူ ၁၂၈ ဦးတို့ကို အဆိုပါကျေးရွာရှိ ဘိုးဘွားရိပ်သာဓမ္မာရုံ၌လည်းကောင်း၊ မှော်ဘီမြို့နယ်အောက် ဝါးနက်ချောင်းကျေးရွာအုပ်စု အင်းတန်ကျေးရွာမှ သံဃာတော်ခြောက်ပါးနှင့် ဒေသခံပြည်သူ ၁၂၉ ဦးတို့ကို အဆိုပါ ကျေးရွာရှိ စံပယ်ခြံတပ်ဦးကျောင်း၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ရတနာဘူမိအနောက်ရပ်ကွက်မှ သံဃာတော် ၁၀၂ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၃၃ ပါးနှင့် ဒေသခံပြည်သူ ၇၂ ဦးတို့ကို အဆိုပါရပ်ကွက်ရှိ မဏိရတနာရာမ မြတောင်ကျောင်းတိုက်၌လည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2024

ယနေ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်သည့် နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့ နေ့ထူးနေ့မြတ် အခါသမယ၌ ရခိုင်ပြည်နယ်နှင့် ဒေသအသီးသီးတွင် ရောက်ရှိနေထိုင်ကြသော ရခိုင်တိုင်းရင်းသား သွေးချင်းညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများ အားလုံး ကိုယ်စိတ်နှစ်ဖြာ သုခချမ်းသာပြည့်စုံကြ၍ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေ ကြောင်း ဦးစွာ ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်