Skip to main content

Apr 05, 2024

တရားမဝင်ပြည်ဖျက်မီဒီယာများက ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကျောက်စခန်းကျေးရွာကို ဧပြီလ ၃ ရက်နှင့် ၄ ရက်တို့တွင် တပ်မတော်မှလေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကြောင့် ရွာတစ်ဝက်ခန့် ပျက်စီးသွားကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် စွပ်စွဲရေးသားထားပြီး ပြည်သူများ အထင်အမြင်လွဲမှားစေရန် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2024

CRPHI NUG တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ဧပြီလ ၄ ရက်တွင် ဘီးလင်းမြို့နယ်အတွင်း အေးချမ်းစွာခရီးသွားလာနေသော ခရီးသည်တင်ယာဉ်အား အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ခရီးသည် ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2024

အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

ဆက်လက်ဖတ်ရှုရန်

Apr 05, 2024

အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

ဆက်လက်ဖတ်ရှုရန်

Apr 05, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကို(တက္ကသိုလ်)၏ “ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ပွဲဝင်လေသူရဲမယ်များ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2024

တေးသီချင်းဗီဒီယိုများကို နည်းလမ်းမျိုးစုံဖြင့် ရိုက်ကူးထုတ်လွှင့်ပြသခြင်းများ ဆောင်ရွက်ခြင်းမပြုမီ ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေတို့အရ ရုပ်ရှင်ဆင်ဆာနှင့် ဗီဒီယိုဆင်ဆာအဖွဲ့တို့သို့ တင်ပြပြီး စစ်ဆေးခွင့်ပြုချက် ရယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အသိပေးကြေညာခဲ့ပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးသို့ ရောက်ရှိစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Apr 05, 2024

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ရေကစားမဏ္ဍပ်များ စတင်ဆောက်လုပ်ပြင်ဆင်လျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2024

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနသည် နိုင်ငံအတွင်းနေထိုင်သူများမှ အသက်(၁၀)နှစ်အထက်ရှိသူများကို electronic စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ (Biographic Data) နှင့် ဇီဝအချက်အလက်များ (Biometric Data)တို့ကို ကောက်ယူမှတ်ပုံတင်၍ ဂဏန်း(၁၀)လုံးပါရှိသည့် UID (Unique Identity Number) သတ်မှတ်ထုတ်ပေးလျက်ရှိသည်။ ယင်းသို့ Biographic/ Biometric အချက်အလက်များမှတ်ပုံတင်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား(သို့မဟုတ်) နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပေးထားသော အထောက်အထားလက်မှတ်တစ်ခုခုအား တစ်ပါတည်းယူဆောင်လာရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2024

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အဋ္ဌမအကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာကို ဧပြီ ၃ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ်မြို့ရှိ ချမ်းမြေ့ဂုဏ်ဝေ ပရဟိတသာသနာပြုကျောင်းတိုက်၌ကျင်းပရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2024

မြန်မာတစ်မျိုးသားလုံး အလေးအမြတ်ထားပြီး ပျော်ရွှင်စွာဆင်နွှဲကြသည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလကို ယခင်နှစ်များနည်းတူ ၂၀၂၄ ခုနှစ်တွင်လည်း မြန်မာ့ရိုးရာအစဉ်အလာများနှင့်အညီ ဆင်နွှဲသွားမည်ဖြစ်ပါသည်။ ထိုသို့ဆင်နွှဲရာတွင် ဖျော်ဖြေမှုအနေဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ/ဝန်ကြီးဌာနများအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာများသည် မဟာသင်္ကြန်တေးသီချင်းများကို ဖျော်ဖြေသီဆိုမှုများ၊ တင်ဆက်ကပြမှုများကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထိုသို့ နိုင်ငံတော်အစိုးရ ကိုယ်စားပြုလုပ်သည့် မြို့တော်ဝန်မဏ္ဍပ်များနှင့် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များတွင် သင်္ကြန်နှင့်သက်ဆိုင်သော တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက အများပြည်သူသို့ အခမဲ့ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2024

၂၀၂၄ ခုနှစ် နွေရာသီအခြေခံအားကစား သင်တန်းများဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်အားကစားရုံ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်‌တော်ကောင်စီဝင်များ၊ နေပြည်‌တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဌာနတာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2024

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန သင်္ကြန်ယိမ်းအဖွဲ့က ၁၃၈၅ ခုနှစ် နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်နှင့် နေပြည်တော်လမ်းလျှောက် သင်္ကြန်တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနမဏ္ဍပ်တို့တွင် သင်္ကြန်အကအလှများဖြင့် ပါဝင်ဖျော်ဖြေဆင်နွှဲရန် ယနေ့နံနက်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယိမ်းလှပျိုဖြူများ ယိမ်းအက ကြိုတင်လေ့ကျင့်နေမှုကို ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2024

ပြည်ပသို့အလုပ်ရုံဆွေးနွေးပွဲနှင့် အစည်းအဝေးတက်ရောက်ခဲ့ကြသူများ၏ အတွေ့အကြုံများပြန်လည်ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကိုယ်စားလှယ်များနှင့် ပညာတော်သင် ၀န်ထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2024

မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် သီရိရတနာခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့် ကော်မရှင်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် China International Trust and Investment Corporation (CITIC) Group Myanmar Co.,Ltd. မှ တာဝန်ရှိသူများနှင့် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2024

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသည့်အချိန်များတွင် ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့ မှုကြောင့်နေလောင်ခြင်း၊ အသားအရောင်ညိုမဲလာခြင်းတို့ကိုဖြစ်စေနိုင်ပြီး ထိတွေ့မှုကာလ ကြာလာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများအရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းလာခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2024

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်းပြုလုပ်နိုင်

ဆက်လက်ဖတ်ရှုရန်

Apr 05, 2024

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်ပြုသူများ (က) ဉာဏ်အရည်အသွေးမမီခြင်းနှင့် အကျင့်စာရိတ္တပျက်ပြားခြင်းတို့ကြောင့် စစ်မှုထမ်းရန် မသင့်လျော်သူများ။ (ခ) ဆေးစစ်ဆေးခြင်းသတ်မှတ်ချက်အရ စိတ်ပေါ့သွပ်သူဖြစ်ခြင်း (သို့မဟုတ်) စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခံရသူများ။ (ဂ) နိုင်ငံ့အတွက် တာဝန်ထမ်းဆောင်နေပြီး အစားထိုးရန်မဖြစ်နိုင်သေးသော အသိပညာရှင် (သို့မဟုတ်) အတတ်ပညာရှင်များ။ (ဃ) တိုက်ပွဲတွင်ကျဆုံးခဲ့သည့်တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၏ သားသမီးအရင်းအချာများ (ကိတ္ထိမသားသမီးများ၊ မွေးစားသားသမီးများမပါ)။ မှတ်ချက်။ အကယ်၍ ၎င်းသားသမီးအရင်းများသည် ပြည်သူ့စစ်မှုထမ်းဆောင်ရန် သဘောဆန္ဒ အလျောက် ဆန္ဒပြုပါက စစ်မှုထမ်းဆောင်ရန် ခွင့်ပြုနိုင်သည်။

ဆက်လက်ဖတ်ရှုရန်