May 17, 2024
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ပူးပေါင်းကျင်းပသည့် သတင်းမီဒီယာဆိုင်ရာ သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၌ ကျင်းပရာ ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ကော်မရှင်၏ လုပ်ငန်းတာဝန်များအကြောင်းနှင့် သတင်းမီဒီယာလုပ်ငန်းများတွင် ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်လိုသည့်အကြောင်းများ ဆွေးနွေးပြောကြားသည်။
May 17, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ထန်းတောနှင့် ကြံပင်ကျေးရွာသို့သွားရောက်ပြီး အသင်းသားတောင်သူ ၆၁ ဦး၏ လယ်မြေ ၂၀၂ ဧကတွင် B-31 ဝါမျိုး စိုက်ပျိုးထားသည့် ရွှေကြံပင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ ဝါစိုက်အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ အထွက်တိုး မျိုးကောင်းမျိုးသန့်များနှင့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများပံ့ပိုးပေးရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ Grade A၊ Grade B အဆင့်မီဝါများရရှိရေးအတွက် သက်ဆိုင်ရာဌာနများက ပညာပေးရေးနှင့် လိုအပ်သော စိုက်ပျိုးရေရရှိရေးတို့အတွက် ညှိနှိုင်းမှာကြားသည်။
May 17, 2024
မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip- FAM Trip) တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်များသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဟိုတယ်လုပ်ငန်းဆိုင်ရာသင်တန်းကျောင်း၌ အမှတ်တရသစ်ပင်များ စိုက်ပျိုးကြရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဟိုတယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။
May 17, 2024
ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အနုပညာရှင်များ၊ ကျောင်းသားကျောင်းသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
May 17, 2024
ယခုအခါ နွေရာသီကျောင်းပိတ်ရက်ကာလ ကုန်ဆုံးတော့မည်ဖြစ်သည်။ မကြာမီကာလတွင် ကျောင်းအပ်နှံရေးရက်သတ္တပတ်ကာလ ရောက်ရှိတော့မည်ဖြစ်သည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါအတိုင်း ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အတွင်း အခြေခံပညာကျောင်းသား ကျောင်းသူလေးများအားလုံး ကျောင်းအပ်နှံကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
May 17, 2024
လူနှင့်သက်ရှိဇီဝတို့ ရှင်သန်နေထိုင်ရာ ကမ္ဘာကြီး၏ မျက်နှာပြင် ၇၀ ရာခိုင်နှုန်းကို ရေများဖြင့် ဖုံးလွှမ်းထားခြင်းဖြစ်ရာ ရေကမ္ဘာကြီးဟုပင် ဆိုနိုင်သည်။ သို့ဆိုစေကာမူ ၉၇ ရာခိုင်နှုန်းသော ရေအများစုသည် ပင်လယ်ရေငန်များဖြစ်ပြီး သောက်နိုင်သုံးနိုင်သော ရေချိုပမာဏမှာမူ ၃ ရာခိုင်နှုန်းမျှသာဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင်ရှိသော ရေချိုသယံဇာတတို့မှာ အလွန်အကျွံသုံးစွဲမှု၊ လူ့ပယောဂကြောင့် ညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကြောင့် လျော့နည်းရှားပါးလာလျက်ရှိရာလာမည့် ၂၀၅၀ ပြည့်နှစ်သို့ ရောက်လျှင် ဖွံ့ဖြိုးဆဲနိုင်ငံအများစုပါဝင်သော ကမ္ဘာ့နိုင်ငံပေါင်း ၆၅ နိုင်ငံမှ လူဦးရေသန်းပေါင်း ၇၀၀၀ ခန့်(ထိုအချိန်ကာလတွင်ရှိလာမည့် ကမ္ဘာ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်)မှာ ရေရှားပါးမှုအန္တရာယ်ကို ရင်ဆိုင်ကြရနိုင်သည်ဟု ခန့်မှန်းချက်လည်းရှိနေသည်။
May 16, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၅၃ / ၂၀၂၄
May 16, 2024
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာတွင် မေလ ၁၅ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရေငံကျေးရွာမှ ဒေသခံ ၁ ဦးကို သတ်ဖြတ်ခဲ့ကာ ပြည်သူ ၃၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မဟုတ်မမှန်လုပ်ကြံရေးသားထားသည့် သတင်းတု၊ သတင်းအမှားများဖြင့် တရားမဝင်ပြည်ဖျက်မီဒီယာများက ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။
May 16, 2024
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်း နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။
May 16, 2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ရွာရှည်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၁၄ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၅ ဦးကိုပါသတ်ဖြတ်ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် လူမှုကွန်ရက်များတွင် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။
May 16, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
May 16, 2024
NUG ၊ CRPH အကြမ်းဖက်အဖွဲ့များ၏ သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ဒေသအချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်ကြသည့် ပြည်သူအချို့အား အကြောင်းပြချက်အမျိုးမျိုးဖြင့် ခြိမ်းခြောက်၊ သတ်ဖြတ်၊ လုယက်မှုများ ကျူးလွန်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ယုံကြည်မှုကို ညှိုးနွမ်းစေရန် ဘုရား၊ စေတီ၊ ပုထိုးများအား Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ သံဃာတော်များအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည်ကို ပြည်သူများ သိရှိပြီးဖြစ်သည်။
May 16, 2024
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် မိုင်းသော်အရှေ့ကျေးရွာအုပ်စု ဘုရားငါးဆူကျေးရွာရှိ ချယ်ရီမြေစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသားပိုင် လယ်မြေများတွင် နွေစပါးစိုက်ပျိုးထားရှိမှုအခြေအနေအား ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။
May 16, 2024
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မေ ၆ ရက်မှ ၁၂ ရက် အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၃၉ ဒသမ ၉၃၂၀ တန်၊ သစ်မာ ၁၁၈ ဒသမ ၈၇၂၈ တန်၊ အခြား ၂၆ ဒသမ ၈၁၄၈ တန် စုစုပေါင်း ၁၈၅ ဒသမ ၆၁၉၆ တန်၊ ယာဉ်/ ယန္တရား ၁၈ စီး၊ တရားခံ ၃၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
May 16, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ မေ ၁၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျွဲတပ်ဆုံစစ်ဆေးရေးစခန်း၌ တောင်ကြီးမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် ဖိနပ် အရန် ၃၀၀၊ ခရုဆီ ပုလင်း ၂၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၀၄၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Van တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၁၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၀၄၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
May 16, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
May 16, 2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
May 16, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၄ ခုနှစ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
May 16, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။
May 16, 2024
မစ္စတာ ဒါဘာဒက်ဘ်အီးလ်ဟွန်းဒ်အား တိုကျိုမြို့ အခြေစိုက်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် အီသီယိုပီးယားဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံအစိုးရ၏ အဆိုပြုချက်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘောတူပြီးဖြစ်သည်။
