May 20, 2024
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။
May 20, 2024
နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာမှ ဒေသခံ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်သတင်းအမှားများဖြင့် ဝါဒဖြန့်ရေးသားလျက်ရှိသည်ကို တွေ့ရှိရပါသည်။
May 20, 2024
၂၀၂၄ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ် (လေ) ကိုယ်စား လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်ချုပ် ဝင်းမောင်သိန်းနှင့် တပ်မတော်(လေ)မှ အရာရှိ/ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အသင်းများ၊ ဖိတ်ကြားထားသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
May 20, 2024
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၁၂-၅-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၉-၅-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၇,၂၂၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၁၀) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၄) ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။
May 20, 2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
May 20, 2024
ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ဆီထွက်သီးနှံများကို ကြိတ်ခွဲထုတ်လုပ်ပြီး ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် သက်ဆိုင်ရာကဏ္ဍများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရန် ပြည်တွင်းစားသုံးဆီဖူလုံစွာထုတ်လုပ်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရုံးအမှတ် (၁၅) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 20, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း လယ်ဝေးမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်များတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ထားသည့် “တောင်သူများပူးပေါင်းပါဝင်သော စပါးသားဆက်လိုင်းများ မွေးမြူရွေးချယ်ခြင်း” သုတေသနစမ်းသပ်ကွက်များကို ကြည့်ရှုစစ်ဆေးသည်။
May 20, 2024
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ် တောင်ကန်ကြီးကျေးရွာရှိ ၂၀၂၄ ခုနှစ် မိုးရာသီကျေးရွာထင်းစိုက်ခင်း တစ်ရွာနှစ်ဧကတည်ထောင်မည့် မြေနေရာများ ပြုပြင်ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံကျေးရွာလူထုနှင့် တွေ့ဆုံသည်။
May 20, 2024
မြန်မာနိုင်ငံတွင် ငွေကြေးဈေးကွက် မတည်ငြိမ်မှုကြောင့် ကုန်စည်ပို့ဆောင် ရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းများတွင် ဈေးနှုန်းအတက်အကျဖြစ်ပေါ်လျက်ရှိပြီး အထူးသဖြင့် အတက်ဈေးဖြင့် ကုန်စည်ဈေးနှုန်းများမြင့်မားလာမှုကြောင့် အများပြည်သူတို့၏ လူမှုစီးပွားဘဝတွင် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ အဓိကမှာ ကုန်ပစ္စည်းများကို တန်ဖိုးဖြတ်နေသော နိုင်ငံခြားငွေကြေးဈေးကွက် အပြောင်းအလဲကြောင့်ဟု ဆိုနိုင်သည်။
May 20, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၁၆ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ကျွန်းစုမြို့နယ်၌ စက်လှေတစ်စင်းပေါ်မှ တရားမဝင်အခြားသစ် ၁၈ ဒသမ ၆၆၆ တန်နှင့်အဆိုပါသစ်များ တင်ဆောင်ထားသည့် သစ်သားစက်လှေ တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၉၉၅၀) ကို သစ်တောဥပဒေ အရလည်းကောင်း၊ ဘုတ်ပြင်းမြို့နယ်၌ လိုင်စင်မဲ့ Honda Wave 110 မော်တော်ဆိုင်ကယ် နှစ်စီးနှင့် Smash 125 မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၀၉၉၅၀ ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။
May 20, 2024
လာအိုနိုင်ငံဗီယန်ကျင်းမြို့၌ မေ ၁၆ ရက်မှ ၂၀ ရက်အထိ ကျင်းပလျက်ရှိသည့် (၁၈) ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအား ကစားပြိုင်ပွဲကို မေ ၁၈ ရက်နှင့် ၁၉ ရက်ကကျင်းပရာ မြန်မာနိုင်ငံမှ အားကစားသမားများ ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ်သုံးခုဆွတ်ခူးရရှိခဲ့သည်။
မုံရွာမြို့ ဘုရားကြီးရပ်ကွက် ကမ်းနားလမ်း ရွှေမိုးကုန်စုံဆိုင် ဓားပြတိုက်သူကို နာရီပိုင်းအတွင်းဖမ်းမိ
May 20, 2024
မုံရွာမြို့ ဘုရားကြီးရပ်ကွက် ကမ်းနားလမ်းနေ ရွှေမိုးကုန်စုံဆိုင်ပိုင်ရှင်အား ဓားဖြင့်ထောက်၍ ဓားပြတိုက်သူကို မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ပူးပေါင်းအဖွဲ့တို့က နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး ဓားပြတိုက်ယူဆောင်သွားသောငွေများ ပြန်လည်ရရှိခဲ့ကြောင်းသိရသည်။
May 20, 2024
ပြည်ခရိုင်အတွင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို မေ ၁၈ ရက်နံနက်ပိုင်းက ပြည်မြို့သီရိခေတ္တရာရတနာခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
May 20, 2024
မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တို့စုဝေးရာ ပုဂံယဉ်ကျေးမှုဒေသ၌ ၂၀၂၄ ခုနှစ်တွင် ပုဂံ ယဉ်ကျေးမှုဒေသနှင့်လိုက်ဖက်ညီသည့် လူထုအခြေပြုခရီးသွားလုပ်ငန်းများ၏ ဆွဲဆောင်မှုဖြင့် ၂၀၂၃ ခုနှစ်ထက် ခရီးသွားပိုမိုဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
May 20, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဖြူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် (၁၁၄) အနောက်ဘက် ငါးမိုင်အကွာတွင်တည်ရှိသည့် ဖြူးချောင်းရေလှောင်တမံ၏ လက်ဝဲတူးမြောင်းမကြီးတူးဖော်ခြင်း စီမံကိန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 20, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက နေပြည်တော်အတွင်း မိုးစပါးစိုက်ပျိုးရာသီတွင် ကြဲပက်စိုက်ပျိုးခြင်း နည်းစနစ်ပပျောက်ရေး၊ ခေတ်မီစိုက်ပျိုး နည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရေး၊ အစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၁) အလတ်စားလယ်ယာသုံး စက်ကိရိယာပြင်ဆင်ရေးနှင့် ထုတ်လုပ်ရေးအလုပ်ရုံ၌ ထွန်စက်ဖြင့်တွဲဖက်၍ အခြောက်ထယ်ရေး စပါးအစေ့ချကိရိယာများ ထုတ်လုပ်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
May 20, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပါမောက္ခချုပ် (ဆေးရုံအုပ်ကြီး/ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့်အတူ ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံ (တိုက်ကြီး) ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 20, 2024
လူ့သမိုင်းတစ်လျှောက် ကမ္ဘာနှင့်ချီကာ အရင်းအမြစ်များကို ပုံအောသုံးစွဲ၍ မီးကုန်ယမ်းကုန်တိုက်ခိုက်ခဲ့ကြသည့် စစ်ပွဲကြီးနှစ်ကြိမ်ဖြစ်ပေါ်ခဲ့သည်။ ဆယ်စုနှစ် နှစ်ခုကျော်မျှသာခြားပြီး ဖြစ်ပွားခဲ့သည့် အဆိုပါကမ္ဘာစစ်ကြီးနှစ်ခုတွင် မရေမတွက်နိုင်သည့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ မရေမတွက်နိုင်သောလူပေါင်းများစွာ ခြေလက်ခန္ဓာတို့ ထိခိုက်ဆုံးရှုံးခဲ့ရသည်။ မရေမတွက်နိုင်သော မိသားစုပေါင်းများစွာ ပြိုကွဲပျက်စီးခဲ့ကြရပြီး မိမဲ့ဖမဲ့ကလေးပေါင်းများစွာ၊ မိသားစုဘဝဆုံးရှုံးခဲ့ရသူပေါင်းများစွာ ကျန်ရှိခဲ့ကြသည်။
May 20, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်ရှိ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ဘယ်လင်းအခြေစိုက်စခန်းသို့ရောက်ရှိပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ ယာယီနေရပ်စွန့်ခွာ၍ ကျောက်ဆည်မြို့နယ်ရှိ ရုံးဌာနများတွင် တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသည့် ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများ၏တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
