Skip to main content

Feb 14, 2024

​​​​​​​မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးတစ်ရာကျော် နှစ်ပေါင်းထောင်ချီ စုစည်း နေထိုင်ခဲ့သောနိုင်ငံဖြစ်သည်။ မရှိအတူရှိအတူ အေးအတူပူအမျှ အတူတကွ လက်တွဲနေထိုင်ခဲ့ကြပြီး အန္တရာယ်ရန်စွယ်အပေါင်းတို့ကို လက်တွဲတွန်းလှန်ခဲ့ကြသည်။ သို့သော် ကိုလိုနီလက်အောက်သို့ ကျရောက်သည့်အခါ သွေးခွဲအုပ်ချုပ်မှုပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲပြားခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2024

​​​​​​​တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံတွင် အစွန်းရောက်အမျိုးသားရေး စိတ်ဓာတ်နှင့်ကျဉ်းမြောင်းသည့် လူမျိုးရေးဝါဒတို့ကို လူမျိုးစုများအတွင်း မြှင့်တင်မှုပြုလုပ်ခြင်း၊ လူမျိုးရေးမုန်းတီးမှုများ၊ ပဋိပက္ခများ ဖြစ်ပေါ်လာအောင် ဖန်တီးခြင်းတို့က နိုင်ငံနှင့်ပြည်သူများအားလုံးအတွက် လွန်စွာအန္တရာယ်ကြီးသည်။ ကမ္ဘာ့နိုင်ငံများစွာတို့တွင် လူမျိုးစုများအတူတကွ ယှဉ်တွဲနေထိုင် ပူးပေါင်းလုပ်ကိုင်ရေး သို့မဟုတ် လူမျိုးစုစည်းလုံးညီညွတ်ရေးသည် ခက်ခဲသလောက် လူမျိုးရေးဆိုင်ရာ စိတ်ဓာတ်ကို မီးထိုးပေးပြီး သီးခြားဝိ‌သေသလက္ခဏာများ ပြသခွဲခြားခြင်းက လွယ်ကူသည်ဖြစ်ရာ ရန်လိုစိတ်ရှိသည့် လူမျိုးစုခေါင်းဆောင်တို့က ယင်းနည်းလမ်းကို အသုံးချပြီး အာဏာကိုရယူလေ့ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2024

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2024

​​​​​​​ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကောင်စစ်ဝန်ချုပ်များအနက်မှ နိုင်ငံတော်အကြီးအကဲ၏ ဩဝါဒခံယူရန် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူထားသည့် သံအမတ်ကြီးနှင့် သံရုံးယာယီတာဝန်ခံ(၁၉)ဦးတို့နှင့် ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် သံအမတ်ကြီး(၄)ဦးတို့အား တွေ့ဆုံသည့်   အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ရက် (အင်္ဂါနေ့)နံနက် ၁၀း၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2024

နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်ပြည်သူများက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2024

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သံဃာတော်များနှင့် အငြိမ်းစားဝန်ထမ်းဟောင်းများနှင့် ကြီးကြပ်သူများ စုစုပေါင်း ၂၄၉ ဦးတို့သည် ယနေ့နေ့လယ်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2024

 ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2024

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ၁၅း၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်ကျေးရွာအုပ်စု၊ ပွဲကောက်ကျေးရွာအနီးတွင် နန်းဝင်းကျော်မောင်းနှင်ပြီး နိုင်လင်းထွန်း လိုက်ပါလာသည့် TOYOTA IPSUM အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၂၉၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၁၈း၄၅ အချိန် ချမ်းမြသာစည်မြို့နယ်၊ ၁၀၁ လမ်းနှင့် ၆၃ လမ်းထောင့်တွင် ထိန်လင်းအောင်(ခ)ရန်ပီဖူးအား မော်တော်ဆိုင်ကယ်တစ်စီးနှင့် လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ၀၈း၁၅ အချိန် မဟာအောင်မြေမြို့နယ်၊ ၆၅ လမ်းနှင့် ၄၃ လမ်းထောင့်တွင် လီရှင်းဖင်(ခ)ထွန်းထွန်းအား BORGWARD အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် နန်းဝင်းကျော်(၃၁)နှစ်၊ နိုင်လင်းထွန်း(၃၆)နှစ်၊ ထိန်လင်းအောင်(ခ)ရန်ပီဖူး(၂၆)နှစ်နှင့် လီရှင်းဖင်(ခ)ထွန်းထွန်း(၃၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2024

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း

ဆက်လက်ဖတ်ရှုရန်

Feb 13, 2024

အရန်တပ်ဖွဲ့ဥပဒေ အာဏာတည်သည့် နေ့ရက်သတ်မှတ်ခြင်း

ဆက်လက်ဖတ်ရှုရန်

Feb 13, 2024

၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့သွားရောက်၍ မြန်မာ့အားကစားလှုပ်ရှားမှုပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2024

​​​​​​​ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ်သက်တမ်း ခွင့်ပြုပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2024

Campana Mythic Co.,Ltd သည် မြန်မာ-စင်ကာပူ အပြည်ပြည်ဆိုင်ရာ ရေအောက်ဖိုင်ဘာ ကေဘယ်ဆက်ကြောင်းအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက်သွယ်တန်းနိုင်ရန်အတွက် ရေကြောင်းတိုင်းတာရေးလုပ်ငန်းကို တိုင်းတာရေးသင်္ဘော R.V.EGS SURVEYOR

ဆက်လက်ဖတ်ရှုရန်

Feb 13, 2024

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် စာမေးပွဲများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာစာဖြေဌာနများတွင် မကြာမီဖြေဆိုကြရတော့မည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးအတွင်း အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် စာမေးပွဲများကို အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင်အစည်းအဝေးခန်းမ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2024

အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့် PDF အဖွဲ့များအား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့လှူဒါန်းစေရန်၊ လူငယ်လူရွယ်များ၏ မသိစိတ်များအတွင်း တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်နှင့် တော်လှန်လိုစိတ်တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် NUG ၊ CRPH လက်အောက်ခံအကြမ်းဖက်အဖွဲ့အစည်းများက PDF Game Application များ တီထွင်ဖန်တီးအသုံးပြုလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် PDF Game ဆော့ကစားခြင်းသည် အကြမ်းဖက်အဖွဲ့အား ထောက်ပံ့ခြင်းဖြစ်၍ ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပေးအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2024

မြေပြန့်ဒေသမြို့တစ်မြို့ဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့သည် စိုက်ပျိုးရေးလုပ်ငန်းသာမက မြို့၏အဓိကစား‌သောက်ကုန်များဖြစ်သော ပဲငါးပိ၊ ဝက်အူချောင်း၊ ကြက်အူချောင်း၊ မုန့်မျိုးစုံလုပ်ငန်းများနှင့် တစ်ပိုင်တစ်နိုင် စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် ဒေသတွင်းလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာသည့် မြို့ငယ်တစ်မြို့ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Feb 13, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မင်္ဂလာဒုံမြို့နယ် စုစံစက်သုံးဆီအရောင်းဆိုင်အနီး၌ တရားမဝင်ကျွန်းသစ် ၅ ဒသမ ၀၈၆ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၁၂၉၁၈ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2024

မန္တလေးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်း ဥပစာရှေ့၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်