Feb 16, 2024
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ထူးချွန်ဆုရရှိသော ဝန်ထမ်းများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရုံးချုပ်၌ ကျင်းပသည်။
Feb 16, 2024
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Hybrid စနစ်ဖြင့် ဖေဖော်ဝါရီ ၁၄ ရက်မှစတင်၍ နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
Feb 16, 2024
မြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ခေါ်ယူထားသည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကောင်စစ်ဝန်ချုပ်များအား နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များဆိုင်ရာဆွေးနွေးပွဲကို ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်ရာမှ ခေတ္တပြန်လည် ခေါ်ယူထားသည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကောင်စစ်ဝန်ချုပ်များ တက်ရောက်ကြသည်။
Feb 16, 2024
ဒေသတွင်းစားရေရိက္ခာဖူလုံစေရန်နှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Feb 16, 2024
အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး ဗဟိုကော်မတီ၏ (၁/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းဝေး ခန်းမ၌ကျင်းပရာ အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။
Feb 16, 2024
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အလေးအနက်ထား ဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင်စာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 16, 2024
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသောမီဒီယာဌာနကြီးတစ်ခုဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရုံးချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကား ပြောကြားသည်။
Feb 16, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများအား ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်တွေ့ဆုံပြီး သံတမန်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် တိုင်းပြည်ချစ်စိတ်ဖြင့် အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
Feb 16, 2024
ယနေ့မြန်မာနိုင်ငံတွင် ပြည်သူအများစု သတင်းရယူကြသည့် မီဒီယာဟုဆိုလျှင် လူမှုကွန်ရက်များက အဓိကဖြစ်နေသည်။ တရားဝင်ထုတ်ဝေထုတ်လွှင့် ဖြန့်ချိနေကြသည့် နိုင်ငံပိုင်မီဒီယာများ၊ ပုဂ္ဂလိကပိုင်မီဒီယာများထက် အခြေအမြစ်မဲ့၊ အထောက်အထားမဲ့၊ ကျင့်ဝတ်မဲ့ ရေးသားဖော်ပြနေကြသည့် သတင်းတု၊ သတင်းမှားများက ပိုမို၍လျင်လျင်မြန်မြန်၊ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေကြသည်ကို တွေ့ရသည်။ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလိုက်သည့် သတင်းတု၊ သတင်းမှားများကို အဆင်ခြင်မဲ့ ယုံကြည်မိခြင်းကြောင့် မှားယွင်းသည့် အတွေးအခေါ်၊ အယူအဆများ ဖြစ်ပေါ် စေနိုင်ပြီး ဆုံးဖြတ်ချက်များ၊ အပြုအမူများ လွဲမှားနိုင်သည်ကို သတိရှိကြရန်လိုသည်။
Feb 15, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 15, 2024
၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
Feb 15, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် (ရေ) မှ တပ်ဖွဲ့ဝင်များသည် ကော့သောင်းမြို့၏ အနောက်မြောက်ဘက်ရေမိုင် ၂၁ မိုင်အကွာ၌ ကောင်းကောင်း အမည်ရှိ ကင်းမွန်မီးထွန်း လှေတစ်စီးရေဝင်နစ်မြုပ်နေကြောင်း ဒေသခံငါးဖမ်းလှေများ၏ သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီလ ၁၄ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်တွင် ကယ်ဆယ်ရန်သွားရောက်ရှာဖွေရာ လှေအားမတွေ့ရှိဘဲ အမှတ်အသားပြ ဘွိုင်ကိုသာတွေ့ရှိရသဖြင့် အနီးပတ်ဝန်းကျင်အား ဆက်လက်လိုက်လံရှာဖွေခဲ့သည်။
Feb 15, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
Feb 15, 2024
မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ (၂) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။
Feb 15, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ချီပါကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းပြီး ချီပါတောင်ရွာနှင့် ချီပါမြောက်ရွာတို့မှ ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးထားကြောင်း ကောလာဟလ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က အထင်အမြင်လွဲမှားဖွယ် လုပ်ကြံဝါဒ ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Feb 15, 2024
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ပဆျားကလိုးကျေးရွာကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်ပေါ်တွင် လုပ်ကြံရေးသားဖော်ပြနေသည်ကို တွေ့ရှိရသည်။
Feb 15, 2024
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၊ မြင်းကဆိပ်တွင် စစ်သင်္ဘောဆိုက်ကပ်ပြီး ဒေသခံ လူငယ် ၄၀ ကျော်ကို စစ်မှုထမ်းရန်စီစဉ်နေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က ကန်ကြီးထောင့်မြို့၊ မြင်းကဆိပ်ကျေးရွာသို့ စစ်သင်္ဘောဆိုက်ကပ်ခဲ့ခြင်း လုံးဝမရှိကြောင်းနှင့် မြင်းကဆိပ်ကျေးရွာသည် ဆန်စက်ကြီး ၇ လုံး တည်ရှိပြီး ဆန်၊ စပါးများကို ပုသိမ်၊ ရန်ကုန်နှင့် အခြားမြို့နယ်များသို့ သယ်ဆောင်ပေးပို့ခြင်းများအတွက် စက်လှေ၊ သင်္ဘောများနေ့စဉ်ဆိုက်ကပ်လျက်ရှိပြီး စည်ကားသည့် ဆိပ်ကမ်းတစ်ခုတည်ရှိသည့် ရွာကြီးတစ်ရွာဖြစ်ကြောင်းနှင့် ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်စည်ရောင်းဝယ်ဖောက်ကားမှုများပြားပြီး အနီးဝန်းကျင်ကျေးရွာများမှ ဈေးရောင်း၊ ဈေးဝယ်များဖြင့် စည်ကားသည့်ကျေးရွာကြီးဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
Feb 15, 2024
“ပြည်ဖျက်မီဒီယာတွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြန်ခဲ့မှုအပေါ်မှာ အဆိုးမြင်ဝါဒနဲ့ ပြည်သူလူထုကို ကြောက်လန့်အောင် ခြိမ်းခြောက်နေတာတွေ၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ပျက်ပြားအောင် လုပ်ဆောင်နေတာတွေ ပြည်သူလူထုကြားထဲမှာ ဝေဖန်မှုတွေ၊ စိုးရိမ်ပူပန်မှုတွေရှိအောင် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။
Feb 15, 2024
“တချို့သောပြည်ဖျက်မီဒီယာတွေရဲ့ သွေးထိုးလှုံ့ဆော်မှု၊ အချို့သောအကြမ်းဖက်အဖွဲ့တွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် စစ်မှုထမ်းဟောင်းများအားလုံးပါ သေနတ်ကိုင်ပြီး ချက်ချင်းရှေ့တန်းထွက်ရမလို ပြောဆိုနေကြတာရှိပါတယ်။
Feb 15, 2024
“သောင်းကျန်းသူအဖွဲ့များက ၎င်းတို့ကြီးစိုးတဲ့ နယ်မြေများမှာ အသက် ၁၅ နှစ်မှ အသက် ၅၀ နှစ်ကြား အမျိုးသားရော၊ အမျိုးသမီးပါ တစ်အိမ်ကို ၁ ယောက်၊ ၂ ယောက်နှုန်းနဲ့ မဖြစ်မနေ အတင်းအကြပ် စုဆောင်းနေတဲ့ ဗွီဒီယိုမှတ်တမ်းသက်သေများကို နိုင်ငံသားတိုင်း တွေ့မြင်ကြပြီးဖြစ်ပါတယ်။
