Skip to main content

Jan 31, 2024

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် မော်တော်ဆိုင်ကယ် တာယာအလုံး ၁၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆၇၂၇၄၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၆၇၂၇၄၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် စနစ်ကျလယ်ယာမြေ ၃၃၈ ဒသမ၂၆ ဧကကို ကွင်းဆင်းစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2024

မန္တလေးတိုင်းဒေသကြီး နယ်မြေမဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာသည့် အသိပညာပေးအစီအစဉ်ကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရမည်းသင်းမြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စု ၆၈ ခုမှ ပြည်သူ ၂၆၀၊ ပျော်ဘွယ်မြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စု ၈၄ ခုမှ ပြည်သူ ၂၆၈ ဦး စုစုပေါင်း ၅၂၈ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေးလေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2024

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ရုံးလုပ်ငန်းတာဝန်များကို စနစ်တကျထမ်းဆောင်နိုင်စေရန်နှင့် ရုံးလုပ်ငန်းစွမ်းဆောင်ရည်များ တိုးမြင့်လာစေရန် ရည်ရွယ်၍ ဌာနတွင်းရုံးလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2024

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁/ ၂၀၂၄) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2024

တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း

ဆက်လက်ဖတ်ရှုရန်

Jan 31, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jan 31, 2024

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် လူရည်ချွန်စီမံကိန်းဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2024

သစ်တော၊ သတ္တုနှင့်ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ သုတေသနအကြံပေးကော်မတီ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃၉) သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သုတေသီများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2024

PDF Game ဆော့ကစားခြင်းကြောင့် ဥပဒေအရအရေးယူခံရနိုင်သည်

ဆက်လက်ဖတ်ရှုရန်

Jan 31, 2024

အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ချက်

ဆက်လက်ဖတ်ရှုရန်

Jan 31, 2024

တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်း (Registration) နှင့် ကျောင်းဝင်ကြေး၊ ကျောင်းလခပေးသွင်းခြင်း (Online/ Mobile Payment) တို့ အွန်လိုင်းမှ ချိတ်ဆက်ဆောင်ရွက်ရေးဦးစီးကော်မတီ အစည်းအဝေးကို နေပြည်တော်ရုံးအမှတ် (၁၃) ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှ ဦးစီးကော်မတီဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ဇန်နဝါရီ ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လေ့ကျင့်သင်ကြားရေးဆေးရုံလုပ်ငန်းနှင့် တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာသင်တန်းအတွက် သင်ရိုးညွှန်းတမ်းများ၊ သင်ကြားမှုအထောက်အကူပစ္စည်းများ စီမံဆောင်ရွက်ထားရှိမှု၊ စာသင်ခန်း၊ အိပ်ခန်းနှင့် ထမင်းစားဆောင်များ ပြင်ဆင်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2024

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) နှင့် လယ်ဝေးမြို့နယ် (ခုတင်-၁၀၀) ဆေးရုံမှ အထူးကုဆရာဝန်များအဖွဲ့က ယနေ့နံနက်ပိုင်းတွင် (၂၅) ခုတင်ဆံ့ အေလာတိုက်နယ်ဆေးရုံ၌ အေလာအုပ်စုအတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2024

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောနှင့်ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်၊ (ရေဆင်း) ဘွဲ့ကြိုသင်တန်းများမှ ကျောင်းသား၊ ကျောင်းသူများသည် ဇန်နဝါရီ ၂၇ ရက်က နေပြည်တော်ရှိ အမျိုးသားပြတိုက်နှင့် အမျိုးသားစာကြည့်တိုက်များသို့ သွားရောက်လေ့လာခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2024

Campana Mythic Co.,Ltd သည် မြန်မာ-စင်ကာပူ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်သွယ်တန်းခြင်းလုပ်ငန်းကို ရေအောက်ကေဘယ်ချခင်းသည့် သင်္ဘော CS. Prima Nusantara X ဖြင့် မြန်မာ့ရေပိုင်နက်အတွင်း ဆောင်ရွက်သွားမည့် ဧရိယာများဖြစ်သော မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၁၂ ဒသမ ၄၉၅ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၀၉၆ ဒီဂရီ ၂၉ ဒသမ ၀၀၆ မိနစ်၊ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၇ ဒသမ ၀၆၉ မိနစ်၊

ဆက်လက်ဖတ်ရှုရန်

Jan 31, 2024

၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ

ဆက်လက်ဖတ်ရှုရန်

Jan 31, 2024

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “အနာဂတ်နိုင်ငံတော်အတွက် ကလေးငယ်များအား ပညာသင်ကြားပေးနေသည့် ကျောင်းဆရာ/ဆရာမများအား အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်နှိပ်စက်နေသည့် အကြမ်းဖက်သမားများ” ခေါင်းစဉ်ဖြင့် ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2024

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ်သက်တမ်း ခွင့်ပြုပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) သို့ သွားရောက်ပြီး ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်