Nov 21, 2023
စက်ရုံတည်ဆောက်ရေးလုပ်ငန်းများ တိုးတက်မှုအခြေအနေနှင့်ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 21, 2023
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံ လေကြောင်းစီမံန့်ခွဲရေးဗျူရိုနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့ ပူးပေါင်းစီစဉ်မှုဖြင့် ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံတကာခရီးသွားပြပွဲ (2023 China International Travel Mart) ကို နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိလည်းကောင်း၊ အာဆီယံ-တရုတ်ဗဟိုဌာနနှင့် မလေးရှားနိုင်ငံ ခရီးသွားလုပ်ငန်း အနုပညာနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် အာဆီယံ-တရုတ် ခရီးသွားလုပ်ငန်း ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ-၂၀၂၃ကို နိုဝင်ဘာ ၁၈ ရက်တွင်လည်းကောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
Nov 21, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ကျောက်တန်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ သီလဝါသဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ ပြန်လည်ပြုပြင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်မည့်အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 21, 2023
(၃၄) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Nov 21, 2023
ဒီနေ့မှာတော့ အခြေခံပညာကျောင်းတွေနဲ့ပတ်သက်ပြီး ကောလာဟလများ ထုတ်လွှင့်နေတာကို တွေ့ရပါတယ်။ တချို့သောမြို့နယ်တွေမှာ အခြေခံပညာကျောင်းတွေနဲ့ပတ်သက်ပြီး ကျောင်းပိတ်ရမယ့် အခြေအနေရှိတယ်၊ ကျောင်းပိတ်မယ်ဆိုတာမျိုးတွေကို ကောလာဟလ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မည်သည့်ကျောင်းမှ ပိတ်တာမရှိပါဘူး။ ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်သွားမယ်ဆိုတာကို ပြောကြားလိုပါတယ်။ ဒါတွေကို ကျွန်တော်မနေ့က ပြောခဲ့သလိုမျိုး နိုင်ငံတော်ရဲ့ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍတွေကို ထိခိုက်ပျက်စီးစေလိုတဲ့ ပြည်တွင်းပြည်ပအဖျက်သမားတွေက ကောလာဟလထုတ်လွှင့်နေတာပဲ ဖြစ်ပါတယ်။ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စိတ်အေးချမ်းသာစွာ ဆက်လက်ပညာသင်ကြားကြဖို့ ပြောကြားလိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ တက္ကသိုလ်၊ ကောလိပ်တွေကိုလည်း ဒီလ ၂၃ ရက်နေ့မှာ ပြန်ဖွင့်မှာဖြစ်ပါတယ်။ ၁၆ ရက်နေ့ကနေစပြီး ကျောင်းအပ်လက်ခံနေပြီဖြစ်ပါတယ်။ လက်ခံတဲ့နေရာမှာ အရင်နှစ်ကထက် ပိုမိုလက်ခံရရှိကြောင်း တွေ့ရပါတယ်။ ဒီကြားထဲမှာတော့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အဝေးသင်စာမေးပွဲတွေ ဖြေဆိုရမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာတော့ လုံခြုံရေးအခြေအနေအရ လွိုင်ကော်နဲ့ ကသာမှာပဲ ဖြေဆိုလို့မရခဲ့တာရှိပါတယ်။ အဲဒီဒေသတွေမှာ စာမေးပွဲတွေကို ဆိုင်းငံ့ထားပြီးတော့ ပြန်လည်ဖြေဆိုသွားမှာ ဖြစ်ပါတယ်။
Nov 21, 2023
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက ချောက်မြို့ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှူးနှင့် ဝန်ထမ်းများအား လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်ပန်းတောင်းမြို့နယ်ရုံးကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Nov 21, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
Nov 21, 2023
အလုပ်သမားဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်သော လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် နေပြည်တော်ကောင်စီဝင်းအတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 21, 2023
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၇၃) ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရတနာခန်းမ၌ ကျင်းပသည်။
Nov 21, 2023
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀၂၃ ခုနှစ် ဆောင်ပုဒ်ဖြစ်သည့် “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ ဆောင်းပါးပါဝင်ယှဉ်ပြိုင်လိုသူများသည် မိမိတို့ကိုယ်တိုင်ရေးသားထားသည့် ဆောင်းပါးကို ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ်အုပ်စုများဌာနခွဲ တယ်လီဖုန်းအမှတ် - ၀၆၇-၃၄၀၄၆၀၃၊ ၀၆၇-၃၄၀၄၆၀၄ နှင့် E-mail-vulnerable group.dor@gmail.com တို့ထံ ဆက်သွယ်၍ (၂၄-၁၁-၂၀၂၃)ရက်၊ သောကြာနေ့၊ ညနေ (၁၆:၀၀) နာရီအထိ နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ကြောင်း သတင်းရရှိသည်။
Nov 21, 2023
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်၊ ဦးကြည်သိန်း၊ ဦးသိန်းကိုကို၊ ဒေါ်ပြုံးပြုံးအေးတို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁) ၌ ရုံးထိုင်၍ တရားမ အထူးအယူခံမှုအမှတ် ၄၉/၂၀၂၂ (မွန်)၊ ၅၀/၂၀၂၂ (မွန်)၊ ၂၉/၂၀၂၃ (ရှမ်း)၊ ၃၀/၂၀၂၃ (ရှမ်း)၊ ၃၄/၂၀၂၃ (ဧရာဝတီ)၊ ၃၆/၂၀၂၃ (မန္တလေး)၊ စုစုပေါင်း တရားမ အထူးအယူခံမှု (၆) မှုတို့ကိုရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
Nov 21, 2023
သူတစ်ပါး၏အသက်အိုးအိမ်ကို ထိခိုက်နစ်နာစေခြင်း၊ သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာကို ခိုးဝှက်ခြင်း၊ လုယူခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာပြုကျင့်ခြင်း၊ လိမ်လည်ခြင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သုံးစွဲခြင်းစသည်တို့သည် တရားဥပဒေကို ချိုးဖောက်သည့် ဒုစရိုက်အမှုများဖြစ်သည်။ ဤဒုစရိုက်မှုများသည် နိုင်ငံငြိမ်းချမ်းသာယာမှုကို ပျက်ပြားစေပြီး နိုင်ငံတော်၏အကျိုးကို ဆုတ်ယုတ်ပျက်စီးစေသည်။
Nov 21, 2023
တရားဝင်မှတ်ပုံတင်ထားသည့် ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုအေဂျင်စီအချို့က ၎င်းတို့စေလွှတ်လိုက်သည့် အလုပ်သမားများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုများ ပျက်ကွက်ခြင်းကြောင့် ပြည်ပသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်ခဲ့သူများ နစ်နာဆုံးရှုံးမှုတို့ ဖြစ်ပေါ်ခဲ့ကြောင်း မီဒီယာများတွင် တွေ့ခဲ့ရသည်။ ပြည်ပတွင် အလုပ်လုပ်လိုသူထံမှ ဝန်ဆောင်ခအဖြစ် ငွေကြေးများရယူပြီး အလုပ်ရရှိရန် ဆောင်ရွက်မပေးနိုင်သည့် ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုအေဂျင်စီအချို့ကို အလုပ်သမားဝန်ကြီးဌာနက လိုင်စင်ရာသက်ပန် ပိတ်သိမ်းခဲ့ကြောင်းလည်း သိရသည်။
Nov 20, 2023
ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းဒေသကြီးရှိ Teminal များသို့ ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ဝင်ရောက်လျက်ရှိရာ သက်ဆိုင်ရာသိုလှောင်ကန်များသို့ ၁၉-၁၁-၂၀၂၃ ရက်နေ့နှင့် ၂၀-၁၁-၂၀၂၃ ရက်နေ့တို့တွင် စက်သုံးဆီတင်သင်္ဘော (၃) စီးမှ စက်သုံးဆီများအား ချယူဖြည့်တင်းလျက်ရှိပြီး ထပ်မံ၍ ဆီချယူဖြည့်တင်းရန် အသင့်စောင့်ဆိုင်းနေသည့် စက်သုံးဆီတင်သင်္ဘော (၁) စီးရှိကြောင်းနှင့် ထပ်မံဝင်ရောက်မည့် စက်သုံးဆီတင်သင်္ဘောများလည်းရှိကြောင်း သိရှိရပါသည်။
Nov 20, 2023
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျယ်၍ ပါတီအား ဖျက်သိမ်းခြင်း
Nov 20, 2023
လေဘာပါတီ (Labour Party) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
Nov 20, 2023
ခေတ်သစ်ပြည်သူ့ပါတီ (Modern People Party) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
Nov 20, 2023
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများ ပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
Nov 20, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
