Nov 16, 2023
ဒီနေ့ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများအနေနဲ့ကတော့ ရှမ်းပြည်နယ် အရှေ့မြောက်ဘက်မှာ လောက်ကိုင်နားလေးမှာရှိတဲ့ ရှင်ခုတ်ထန်စခန်းကို ဝင်ရောက်တိုက်ခိုက်နေတာရှိတယ်။ ပြီးရင်တော့ အမှတ်(၂၉၀) ခြေလျင်တပ်ရင်း တာမိုးညဲကို ဝင်ရောက်တိုက်ခိုက်နေတာရှိတယ်။ တာမိုးညဲမှာတော့ မနက်ကတည်းက Drone တွေနဲ့ Drop Bomb အလုံးရာကျော်လောက်ချပြီး တိုက်ခိုက်နေတာ ရှိတယ်။
Nov 16, 2023
အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့က အိမ်ရှင်အဖြစ် ပူးတွဲကျင်းပမည့် ၂၀၂၆ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် အာရှဇုန်ခြေစစ်ပွဲ၏ ပထမဆုံးပွဲစဉ်အဖြစ် မြန်မာအမျိုးသား လက်ရွေးစင်အသင်းနှင့် ဂျပန်အသင်းတို့သည် နိုဝင်ဘာ ၁၆ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ဂျပန်နိုင်ငံ အိုဆာကာမြို့ရှိ Panasonic Stadium Suita ၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
Nov 16, 2023
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ လူကို သွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့် တောင်းယူမှုများကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေးကူညီခြင်းများကို ကျူးလွန်နေသော Ming Xue-chang (မြီရှောက်ချန်း)၊ Ming Guoping (မြီကော်ဖျင်း)(ခ) Ming Xiaoping (မြီရှောက် ဖျင်း)၊ Ming Julan (မြီကျွီလန်) နှင့် Ming Zhenzhen (မြီကျိန်းကျိန်း) တို့ကို ဥပဒေအရအရေးယူရန်အတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
Nov 16, 2023
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားသည်။
Nov 16, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်အား ရွှေစင်ရွှေပြား ဆက်ကပ်ပူဇော်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 16, 2023
အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့၏ တတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အဖွဲ့ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဦးမင်းသူ၊ အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။
