Nov 16, 2023
ပညာရေးစီမံအုပ်ချုပ်မှုသင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ပညာရေးစီမံအုပ်ချုပ်မှုသင်တန်းကျောင်း (ရန်ကုန်) ၌ ကျင်းပသည်။
Nov 16, 2023
ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာ သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ် (၄) တည်ဆောက်ရေးမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သူဌေးရေအားလျှပ်စစ်စီမံကိန်းသည် ယခုအခါ စီမံကိန်းလုပ်ငန်းတစ်ခုလုံး၏ ၇၈ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
Nov 16, 2023
၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
Nov 16, 2023
မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် (၃၆) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိရာ ဗိုလ်ချုပ်ဌေးဦး (ငြိမ်း) ပြည်ထောင်စုဝန်ကြီး (ငြိမ်း)-ဒေါ်နီနီဝင်းမိသားစုက အလှူငွေကျပ် ၂၇၈ဝဝဝဝ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် သီဟသုဓမ္မ မဏိဇောတဓရ ဆရာကြီးဦးတင်မောင်ထွေး (နတ်ရေကန်တင်မောင်ထွေး) တို့က အလှူငွေ ကျပ် ၁၀ သိန်းစီ၊ စာရေးဆရာမကြီး ရွှေကူ နန်းနွဲ့နွဲ့မိသားစု၊ ဦးဟန်သိန်း (သစ္စန) ၊ ဦးသန်းလှိုင်သစ် (မြန်မာ့အသံ) အား ရည်စူး၍ သမီး ဝါဝါ စုလှိုင်မိသားစု၊ ကွမ်းခြံကုန်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစံရွှေ (တင်မောင်ထက်-ကွမ်းခြံကုန်း)၊ ချောင်းဆုံမြို့နယ် စာရေးဆရာအသင်း၊ သံဖြူဇရပ်မြို့နယ် စာရေးဆရာအသင်းနှင့် ကြို့ပင်ကောက်မြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ် တစ်သိန်းစီ။ အောင်မျိုးသန့် (ကန့်ဘလူ)၊ ဦးထွန်းငွေ-ဒေါ်ခင်ဌေးမြင့် (သန်လျင်မြို့နယ်)၊ ဦးမြင့်အောင် (ဦးမြင့်အောင် - စစ်သည်ဟောင်း)၊ ကိုလတ်(အဏ္ဏဝါ) မြောက်ဥက္ကလာပမြို့နယ်၊ မုံရွာမြို့နယ်စာရေးဆရာအသင်းနှင့် မြန်အောင် မြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ် ငါးသောင်းစီ၊ မဲခေါင်စာပေဆုရ ဦးဖေသန်း (နေမင်းသန်း)၊ မုံရွာမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးညွန့်စိုး (ရွှေရည်စိုး) နှင့် ဦးမြင့်အောင် (မြင့်အောင်-ရွှေဘိုသား) မုံရွာမြို့နယ်တို့က ငွေကျပ်သုံးသောင်းစီ၊ ဗိုလ်မှူးကြီးမြင့်သိန်း (ငြိမ်း)(မြင့်သိန်းအောင်)က ငွေကျပ်သုံးသိန်းတန်ဖိုးရှိစာအုပ်များ၊ ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)က ငွေကျပ်တစ်သိန်းတန်ဖိုးရှိ စာအုပ်များ ပေးအပ်လှူဒါန်းကြရာ အသင်းအတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်း သူ- ကြို့ပင်ကောက်) နှင့် တွဲဖက်အတွင်းရေးမှူး (၃) ဦးအောင်ကြည် (အောင်ကြည်ညွန့်-တက္ကသိုလ်)တို့က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
Nov 16, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်လျက်ရှိသည့်ကာလအတွင်း ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်၍ တိုင်းရင်းသားပြည်သူအားလုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Nov 16, 2023
အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော အန္တရာယ်တစ်ရပ်ဖြစ်သည်။ အဂတိလိုက်စားမှုများကြောင့် ပြည်သူတို့၏ ကိုယ်စိတ်နှစ်ပါးအပေါ် ထိခိုက်စေပြီး လူမှုအဖွဲ့ အစည်းများအပေါ် ယုံကြည်ကိုးစားမှုတို့ လျော့နည်း၊ ပျောက်ဆုံးစေသည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှု၊ တရားမျှတမှုနှင့် ကျင့်ဝတ်တန်ဖိုးတို့ကို အန္တရာယ်ဖြစ်စေနိုင်သည့်အပြင် လူမှုပတ်ဝန်းကျင် တည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှုတို့ကိုလည်း ထိခိုက်ပျက်စီးစေနိုင်သည်။
Nov 15, 2023
အများပြည်သူက စက်သုံးဆီများ အဆင်ပြေလုံလောက်စွာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ရန်ကုန်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီပြတ်လပ်မှုမရှိစေရန် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် သီလဝါသိုလှောင်ကန် စခန်းများမှ စက်သုံးဆီများကို ဆီသယ်ယာဉ်များဖြင့် လုံလောက်စွာ ဖြည့်တင်း ဆောင်ရွက်ပေးလျက်ရှိသော်လည်း မော်တော်ယာဉ်အချို့အား အရောင်းဆိုင်တွင် ဆီရှိလျက်ဖြင့် ရောင်းချပေးခြင်းမရှိသော စက်သုံးဆီအရောင်းဆိုင် (၃) ဆိုင်အား စစ်ဆေးတွေ့ရှိသဖြင့် စိစစ်၍ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေစီမံခန့်ခွဲမှုနည်းလမ်းအရ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Nov 15, 2023
ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းသို့ ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ရောက်ရှိရာ သက်ဆိုင်ရာသိုလှောင်ကန်များသို့ နိုဝင်ဘာလ ၁၄ ရက်တွင် စက်သုံးဆီတင်သင်္ဘော (၃) စီးမှ စက်သုံးဆီများအား ချယူဖြည့်တင်းလျက်ရှိပြီး ထပ်မံ၍ ဆီချယူဖြည့်တင်းရန် ဆိပ်ကမ်း၌စောင့်ဆိုင်းနေသည့် စက်သုံးဆီတင်သင်္ဘော (၂) စီးရှိသည့်အပြင် ထပ်မံဝင်ရောက်လာမည့် စက်သုံးဆီတင်သင်္ဘောများလည်း ရှိကြောင်း သိရှိရသည်။
Nov 15, 2023
အများပြည်သူမှ စက်သုံးဆီများ အဆင်ပြေလုံလောက်စွာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ရန်ကုန်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီပြတ်လပ်မှုမရှိစေရန် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် သီလဝါသိုလှောင်ကန်စခန်းများမှ စက်သုံးဆီများကို ဆီသယ်ယာဉ်များဖြင့် လုံလောက်စွာ ဖြည့်တင်းဆောင်ရွက်ပေးလျက်ရှိသဖြင့် အများပြည်သူများအနေဖြင့် စက်သုံးဆီအရောင်းဆိုင်များမှ အဆင်ပြေလွယ်ကူစွာ ဝယ်ယူအသုံးပြုလျက်ရှိပြီး အရောင်းဆိုင်များတွင် တန်းစီစောင့်ဆိုင်း ဝယ်ယူရမှု လျော့နည်းသွားပါကြောင်း သတင်းရရှိပါသည်။
Nov 15, 2023
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သော အပြစ်မဲ့အရပ်သားပြည်သူများ သွားလာရာ လမ်းတံတားများ၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။
Nov 15, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Nov 15, 2023
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) ၊ မြစ်ရေယာဉ် (စကု) တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ပြည်မြို့ ဝိသုဒ္ဓါရုံဗာရာဏသီကျောင်းတိုက်၌ အခြေပြု၍ ပြည်မြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
Nov 15, 2023
နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် ဒံပေါက်ဘူးများနှင့် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
Nov 15, 2023
KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် နိုဝင်ဘာ ၁၃ ရက်တွင် စစ်ရေးနှင့် သက်ဆိုင်သောပစ်မှတ်မဟုတ်သည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပြီး တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
Nov 15, 2023
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၁/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Nov 15, 2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဇေယျာသီရိမြို့နယ် စပ်ကုန်းကျေးရွာသို့ ရောက်ရှိပြီး စိမ်းလဲ့မြေသမဝါယမအသင်းနှင့် နရိန္ဒြာကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော စီးပွားဖြစ်အသေးစား မျှစ်ခြောက်ကုန်ထုတ်စက်ရုံ လည်ပတ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
