Dec 15, 2023
(၇၆)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပရိတ်တရားနာယူခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်း၌ ကျင်းပသည်။
Dec 15, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Dec 15, 2023
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
Dec 15, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ညနေပိုင်းတွင် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားသည်။
Dec 15, 2023
(၂၆) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံဆိုင်ရာ ဂျီအမ်အက်စ်ဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က သဘာပတိအဖြစ် ဦးဆောင်၍ နေပြည်တော်ရှိ Grand Amara Hotel ၌ ယနေ့ကျင်းပသည်။
Dec 15, 2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကို၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ပင်လောင်းမြို့နယ်နှင့် ကလောမြို့နယ်များအတွင်း သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
Dec 15, 2023
အလုပ်သမားဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် နေပြည်တော်ကောင်စီဝင်းအတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက်ကြသည်။
Dec 15, 2023
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။
Dec 15, 2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ(နေပြည်တော်) ပုဗ္ဗသီရိမြို့နယ် အောင်သာယာရပ်ကွက်ရှိ မိုးသီရိအထည်ချုပ်နှင့် ဖြန့်ချိရေးလုပ်ငန်းသို့ သွားရောက်၍ အဆိုပါလုပ်ငန်း ကုမုဒြာဆောင်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပုဗ္ဗသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အထည်ချုပ်လုပ်ငန်းဝင်းအတွင်းရှိ မိသားစုဝင်များနှင့် အနီးပတ်ဝန်းကျင်ရပ်ကွက်အတွင်း နေထိုင်ကြသည့် ပြည်သူများအနက် နိုင်ငံသားကတ်ပြားမရရှိသေးသည့် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေး၍ e-ID စနစ်အတွက် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric)များ ကောက်ယူခြင်းလုပ်ငန်းကို တစ်ပါတည်းဆောင်ရွက်ပေးနေမှုကိုလည်းကောင်း၊ နိုင်ငံသားကတ်ရှိပြီးသူ စက်ရုံလုပ်သားများနှင့် ပြည်သူများအား ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) များ ကောက်ယူကာ e-ID စနစ်အတွက် ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ် ထုတ်ပေးဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုကြသည်။
Dec 15, 2023
လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများကြီးကြပ်ရေးကောင်စီအစည်းအဝေး (၂/၂၀၂၃) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပတ္တမြားခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
Dec 15, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)သို့ ရောက်ရှိပြီး ခင်းကျင်းပြသထားသည်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Dec 15, 2023
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့တွင် စစ်ဘေးရှောင်ပြည်သူ ၂၀၀ ကျော် ခိုလှုံနေသည့် ဇေယျသုခဘုန်းကြီးကျောင်းကို တပ်မတော်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာ Khit Thit Media က မဟုတ်မမှန်သတင်းရေးသား၍ လူမှုကွန်ရက်စာမျက်နှာတွင် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။
Dec 15, 2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် တပ်မတော်အားပေးထောက်ခံသူများကို ဒီဇင်ဘာလ ပထမအပတ်ကစပြီး နေ့စားခပေး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ လုံခြုံရေးဆောင်ရွက်ရန်အတွက် အသုံးပြုနေကြောင်း၊ ရပ်ကွက်တစ်ခုလျှင် အနည်းဆုံး ၅ ယောက်ထက်မနည်း ငှားရမ်းထားပြီး တစ်ရက်လျှင် ကျပ် ၃၀၀၀၀ ပေးကာ လက်နက်နှင့် လက်ကိုင်တုတ်များလည်း ထုတ်ပေးထားရှိကြောင်း လူမှုကွန်ယက်တွင် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 15, 2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဒညင်းကုန်းကျေးရွာထိပ်တွင် တပ်စွဲထားသည့် တပ်မ(၄၄) လက်အောက်ခံ ခမရ(၃)တပ်မှ တပ်မတော်သားများအား ဒီဇင်ဘာ ၁၄ ရက်နေ့တွင် အကြမ်းဖက်သမားများက စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုကြောင့် တပ်မတော်သား ၁ ဦးသေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများအား ပြည်ဖျက်မီဒီယာ Khit Thit က ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Dec 15, 2023
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် စက်သုံးဆီများ ဦးစားပေးရောင်းချထုတ်ပေးနေ၍ နယ်ဒေသများတွင် စက်သုံးဆီမရတော့ဘဲ ဆီများစတင်ပြတ်တောက်နေသည်ဟု လူမှုကွန်ရက်စာမျက်နှာများတွင် ပြည်သူများ စိုးရိမ်ပူပန်စိတ်ဖြစ်ပေါ်လာစေရေး သတင်းအမှားများ ထုတ်လွှင့်လျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 15, 2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အခြေခံပညာကျောင်းများနှင့် အထက်တန်းကျောင်းတို့တွင် ကျောင်းသားများ မူးယစ်ဆေးသုံးစွဲနေသော်လည်း ကျောင်းအုပ်များနှင့် ဆရာ၊ ဆရာမများမှ တားဆီးနိုင်ခြင်းမရှိသည့်အပြင် ကျောင်းအတွင်း မူးယစ်ဆေးရောင်းဝယ်မှုများ ပြုလုပ်နေကြောင်း ဟင်္သာတမြို့နယ် ဒေသခံများထံမှ သိရှိရဟု သတင်းတု၊ သတင်းမှားများအား ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Ayeyarwaddy Times က လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Dec 15, 2023
နိုင်ငံတော်၏ စွမ်းအင်ဖူလုံစေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas – LNG) အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ ကျယ်ပြန့်စွာ သိရှိနားလည်နိုင်စေရန်နှင့် LNG ကို အကျိုးရှိစွာအသုံးချခြင်းဖြင့် နိုင်ငံတော်၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍတို့ ဖွံ့ဖြိုးတိုးတက်လာစေရန်ကို ရည်ရွယ်ကာ စွမ်းအင်ဖူလုံရေးနှင့် သဘာဝဓာတ်ငွေ့ရည်၏အခန်းကဏ္ဍ (Energy Security and The Role of Liquefied Natural Gas – LNG) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၆)ရှိ ရတနာခန်းမ၌ ကျင်းပသည်။
Dec 15, 2023
တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၄,၅၁၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Dec 15, 2023
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ထားဝယ်ခရိုင် ရေဖြူမြို့နယ်၌ လိုင်စင်မဲ့ Vigo Ford Ranger မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၅၀၀၀၀၀) ၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၀၀၀၀၀)၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ်၌ လိုင်စင်မဲ့ Hitachi ဘက်ဟိုးတစ်စီး၊ CAT ဘက်ဟိုးတစ်စီး၊ Doosan ဘက်ဟိုးတစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၀၀၀၀၀၀၀)၊ မြိတ်ခရိုင် မြိတ်မြို့နယ်၌ လိုင်စင်မဲ့မော်တော် ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀) နှင့် ဘုတ်ပြင်းခရိုင် ဘုတ်ပြင်း မြို့နယ်၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀) တို့ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မြိတ်ခရိုင် မြိတ်မြို့နယ်၌ တရားမဝင် အခြားသစ် ၃ ဒသမ ၀၉၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၄၉၇၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၇၁၆၄၉၇၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
