Dec 16, 2023
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် မြန်မာ့အားကစားလောကအဆင့်အတန်း တိုးတက်မြင့်မားစေရန် ရည်ရွယ်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာတတိယပတ် လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။
Dec 16, 2023
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ် ဒီဇင်ဘာလကို လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ အားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၏ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို စစ်တွေမြို့ ဓညဝတီအားကစားကွင်း၌ ကျင်းပသည်။
Dec 16, 2023
၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။
Dec 16, 2023
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ ပြည်ထောင်စုနယ်မြေ ဗဟိုစာရင်းအင်းအဖွဲ့ရုံးနှင့် နေပြည်တော်စီမံကိန်းဦးစီးရုံးများကို သွားရောက်စစ်ဆေးသည်။
Dec 16, 2023
(၇၆)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပရိတ်တရားနာယူခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်း၌ ကျင်းပသည်။
Dec 16, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Dec 16, 2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ရုံးပင်ကျေးရွာသို့ သွားရောက်၍ ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတား ပေ ၈၄၀ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တံတားတည်ဆောက်ပြီးစီးချိန်၌ စစ်တောင်းမြစ်အတွင်းသွားလာနေသော စက်တပ်ရေယာဉ်များ ရေလမ်းအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေး အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
Dec 16, 2023
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာ ၁၂ ရက် မှ ၁၃ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဟိုက်ကူးမြို့၌ ကျင်းပခဲ့သော မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်ဆိုင်ရာပူးတွဲကော်မတီ၏ အဋ္ဌမအကြိမ်မြောက်အစည်းအဝေးနှင့် အမျိုးသားပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးကော်မတီအဆင့်မြင့်အရာရှိကြီးများ အကြိုညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။
Dec 16, 2023
မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုအသင်း(ရန်ကုန်)မှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာကမ္ဘာငြိမ်းချမ်းရေးနေ့ Belt and Road(၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ဆုတောင်းပွဲအခမ်းအနားကို ယနေ့ညနေ ၅ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်အရှေ့ဘက်ရှိ ရေကြည်တော်ဝတ်အသင်းတန်ဆောင်း၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် တက်ရောက်အားပေးသည်။
Dec 16, 2023
(၄၉) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(ငြိမ်း) ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဂုဏ်ထူးဆောင်ဆု၊ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်းခံရသူများ တက်ရောက်ကြသည်။
Dec 16, 2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော် ဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ကြသည်
Dec 16, 2023
စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း ဆောင်ရွက်နေသော စက်သုံးဆီသိုလှောင်စခန်းများသို့ရောက်ရှိကာ ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများဖြင့် စက်သုံးဆီ တင်သွင်းရောက်ရှိနေမှု အခြေအနေများ၊ စက်သုံးဆီသိုလှောင်ကန်များသို့ စက်သုံးဆီလက်ခံချယူနေမှုအခြေအနေများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ဆီသယ်ယာဉ်များဖြင့် စက်သုံးဆီဖြန့်ဖြူးပေးပို့ရန် မျှောစနစ်ဖြင့် ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Dec 16, 2023
တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်အကြို စွမ်းရည်မြင့်သင်တန်းအမှတ်စဉ် (၄/၂၀၂၃) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 16, 2023
ဒီနေ့မှာတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအနေနဲ့ ကျွန်တော်ယခင်နေ့ကပြောထားတဲ့အတိုင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာဖြစ်နေတဲ့ ပဋိပက္ခများနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ နယ်မြေငြိမ်းချမ်းရေး၊ လုံခြုံရေးအတွက် ကူညီမှုရှိခဲ့ပါတယ်။ ဒီကူညီမှုနဲ့ပတ်သက်ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက်ဆောင်ရွက်ခဲ့တယ်၊ သဘောတူခဲ့တယ်ဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီလိုထုတ်ဖော်ပြောကြားပြီး နောက်ပိုင်းမှာတော့ ထုံးစံအတိုင်းပါပဲ။
Dec 16, 2023
ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Dec 16, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်(လေ)ဖွဲ့စည်းတည်ထောင်မှု (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် လေယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
Dec 16, 2023
မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည်နှင့်အညီ ပြည်ထောင်စုကြီးအတွင်း တိုင်းရင်းသားလူမျိုးများအားလုံး မရှိအတူရှိအတူ၊ အေးအတူပူအမျှအတူတကွ လက်တွဲနေထိုင်လျက်ရှိသည်။ ပြည်ထောင်စုတစ်ဝန်းလုံး တန်းတူညီမျှဖွံ့ဖြိုးလာအောင် ဆောင်ရွက်ပေးလျက်ရှိရာတွင် ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သည် လမ်းပန်းဆက်သွယ်ရေး၊ ပထဝီအနေအထားနှင့်အကြောင်း အမျိုးမျိုးတို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျလျက်ရှိသည်။
Dec 16, 2023
ယနေ့မြန်မာနိုင်ငံ၏ ပကတိအခြေအနေသည် နိုင်ငံတစ်ဝန်းလုံး အေးချမ်းသာယာနေသည်မဟုတ်။ နိုင်ငံ၏အစိတ်အပိုင်းအချို့တွင် ပဋိပက္ခများရှိနေသည်။ မတည်မငြိမ်ဖြစ်နေသည်။ မတည်ငြိမ် မအေးချမ်းသည့် ဒေသများတွင် နေထိုင်ကြရသည့် ဒေသခံပြည်သူများမှာ မိမိတို့၏ အသက်ခန္ဓာနှင့် ဓနဥစ္စာတို့အတွက် စိုးရိမ်ကြောင့်ကြနေရသည်။ ထိတ်လန့်ကြောက်ရွံ့ နေကြရသည်။
Dec 15, 2023
(၇၆)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပရိတ်တရားနာယူခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်း၌ ကျင်းပသည်။
Dec 15, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
