Oct 17, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၆-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၇-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၈၆၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၇) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။
Oct 17, 2023
၂၀၂၃ ခုနှစ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဇာတ်လမ်းတိုပြိုင်ပွဲတွင် ဇာတ်လမ်းတိုရုပ်ရှင်ကားများ ပါဝင်ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဖိတ်ခေါ်ထားပြီး Top Ten ဝင် ဇာတ်လမ်းတိုရုပ်ရှင်ကားများကို နိုင်ငံတကာရုပ်ရှင်ပွဲတော်များသို့ ပေးပို့ပြသသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နိုင်ငံတကာဆက်ဆံရေးကော်မတီမှ သိရသည်။
Oct 17, 2023
နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)၌ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်းအမှတ်စဉ်(၉)နှင့် အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၂၃)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကေတုမတီခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့်တကွတာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Oct 17, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ (၁၅-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၆-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၉၅၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၁)ဦး တွေ့ရှိရသည်။
Oct 17, 2023
နေပြည်တော် အောက်တိုဘာ ၁၆
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Oct 17, 2023
ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပမည့် မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာဆေးပညာညီလာခံ (Myanmar Dental Health Science Conference)ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ညီလာခံအကြို လှုပ်ရှားမှုအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး (ပုသိမ်မြို့)တွင် အောက်တိုဘာ ၁၃ ရက်မှ ၁၄ ရက်အထိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ ၄၃ ဦးကို ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သည်။
Oct 17, 2023
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ်ပါမောက္ခချုပ်များကို ယနေ့မွန်းလွဲပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တွေ့ဆုံ၍ လုပ်ငန်းလမ်းညွှန်များကို ဆွေးနွေးမှာကြားသည်။
Oct 17, 2023
၂၀၂၃ ခုနှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
Oct 17, 2023
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Oct 17, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီ ၃၇ ပါတီ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 17, 2023
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ Digital Museum စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်းများ ပိုမိုလျင်မြန်စွာ ပြီးမြောက်နိုင်ရေးနှင့်ဝန်ထမ်းများ၏ Digital နည်းပညာဆိုင်ရာ အသုံးချမှု အရည်အသွေး မြင့်မားလာစေရေး အတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော Web Design and Management for Digital Museum ရေးသားနည်း အလယ်အလတ်အဆင့် သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားပြတိုက်(နေပြည်တော်)၌ ကျင်းပသည်။
Oct 17, 2023
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၄၄/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် (နေပြည်တော်)ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနလောကနတ်ခန်းမ၌ လည်းကောင်း၊ (ရန်ကုန်မြို့)ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ဇင်းမင်းရာဇာခန်းမ၌ လည်းကောင်း တစ်ပြိုင်တည်းကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
Oct 17, 2023
လူ့သမိုင်းတွင် သဘောကွဲလွဲမှု၊ အနိုင်အထက်ပြုမှုများကြောင့် ပဋိပက္ခများ ပေါ်ပေါက်လာခဲ့သည်။ လူတို့အနေဖြင့် ခံယူချက်၊ ယုံကြည်ချက်အမျိုးမျိုးရှိမည် ဖြစ်သော်လည်း သူစိမ်းတစ်ရံဆံတို့က မိမိတို့အသိုက်အမြုံကို အနိုင်အထက်ပြုလျှင် စည်းလုံးညီညွတ်မှုဖြင့် ကာကွယ်ကြရသည်။ ဘုံအကျိုးစီးပွားနှင့်စပ်ယှဉ်လျှင် တူညီသောသဘောထားများ ထားရှိကြသည်။ အဆိုပါသဘောထား ခံယူချက်သည် နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားအားလုံး ထားရှိရမည့်သဘောထားဖြစ်ပြီး အဆိုပါသဘောထားခံယူချက်ဖြင့် မိမိနိုင်ငံကိုမိမိတို့ တိုးတက်ကောင်းမွန်လာအောင် တည်ဆောက်ကြသည်ကို တွေ့ရမည်။
Oct 17, 2023
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြည်တွင်းရှိဒေသအချို့တွင် ရေကြီးရေလျှံမှုများကြောင့် မြို့ရွာများအတွင်း ရေဝင်ရောက်မှုများ၊ ကားလမ်း၊ ရထားလမ်း စသည့်လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်တောက်မှုများ ဖြစ်ပွားခဲ့သည်။ အောက်တိုဘာ ၁၄ ရက်က နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်း မှုကြောင့် တောင်ကျရေတိုက်စားမှု၊ မြေပြိုမှု စသည်တို့ဖြစ်ပွားခဲ့ရာ နေအိမ်များပျက်စီးပြီး လူသေဆုံးမှုလည်းရှိခဲ့သည်။ အဆိုပါဖြစ်စဉ်များတွင် ပုဗ္ဗသီရိမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ သားအမိနှစ်ဦး ရေစီးနောက်မျောပါပျောက်ဆုံးခဲ့ပြီး တပ်ကုန်းမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ သားအမိနှစ်ဦးမှာ မြေပြိုမှုကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ရခြင်းဖြစ်သည်။
Oct 16, 2023
NCA ဆိုတကာက ညှိနှိုင်းပြီးတော့မှ ထွက်ပေါ်လာတဲ့ရလဒ်ဖြစ်ပါတယ်။ အဲဒီရလဒ်ကိုလည်းပဲနိုင်ငံတကာ အသိသက်သေတွေရှေ့မှာ လက်မှတ်ရေးထိုးခဲ့ပြီးတော့ လွှတ်တော်ကလည်းပဲ မှတ်တမ်းတင်ထားပြီး ဖြစ်ပါတယ်။ NCA က တစ်ကယ်တမ်းပြောရမယ်ဆိုရင်တော့ ခေတ်အဆက်ဆက်က ကြိုးပမ်းခဲ့ကြတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အများကြီးအထောက်အကူပြုနိုင်ဖို့အတွက် မျှော်လင့်ထားတာဖြစ်ပါတယ်။ သို့သော်လည်းပဲ မြန်မာနိုင်ငံရဲ့အခြေအနေတွေက လွတ်လပ်ရေးရကတည်းက သူများနိုင်ငံတွေနဲ့ယှဉ်ရင် အင်မတန်ရှုပ်ထွေးပါတယ်။
Oct 16, 2023
ငမိုးရိပ်ရေလှောင်တမံသည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင်တည်ရှိပြီး တမံအမြင့် (၇၅) ပေ၊ အလျား(၁၅၅၀၀) ပေ၊ ရေလှောင်ပမာဏ (၁၈၀၀၀၀) ဧကပေ၊ လယ်မြေဧရိယာ (၃၀၅၆၇) ဧကကို စိုက်ပျိုးရေပေးဝေလျက်ရှိသည့်အပြင် ရန်ကုန်မြို့တော် သောက်သုံးရေအတွက်လည်း နေ့စဉ်ရေဂါလန် (၁၃၀) သန်း ပေးဝေလျက်ရှိပါသည်။ ရေလှောင်တမံတွင် ရေထုတ်နုတ်နိုင်သည့် ရေအားအဆောက်အအုံအဖြစ် ရေထုတ်ပြွန်(၁)ခု၊ ရေပိုလွှဲ (၁) ခုနှင့် အကူရေပိုလွှဲ (၁) ခု သာပါရှိပါသည်။ အခြားရေဖောက်ချ၍ရသည့် နေရာမရှိပါ။
