Nov 16, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် အာဆီယံဒေသတွင်းနိုင်ငံများနှင့် ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်များ၊ ဆေးသုတေသနနှင့် ဆေးပညာလေ့ကျင့်သင်ကြားရေးနယ်ပယ်များတွင် အတွေ့အကြုံဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
Nov 16, 2023
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်စပ်လျဉ်း၍ စနစ်တကျ သိရှိနားလည်ပြီး ကောင်းမွန်စွာအသုံးပြုဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများသည် MEVM စက် ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိသည်။
Nov 16, 2023
အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ အလုပ်ရုံစစ်ဆေးရေးဆိုင်ရာ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 16, 2023
မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၃) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 16, 2023
ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာ အစိုးရအသိအမှတ်ပြု မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများ ပါဝင်သည့် အဖွဲ့အစည်း (Myanmar GDE Consortium) ဖွဲ့စည်းရေးအတွက် စိတ်ဝင်စားမှု အဆိုပြုလွှာ (Expression of Interest-EOI) ခေါ်ယူခြင်း
Nov 16, 2023
တစ်နှစ်တွင်တစ်ခါသာ ပေါ်လေ့ရှိသည့် ရာသီစာမှိုဥနက်သည် မိုးရာသီကုန်ပြီး ဆောင်းရာသီ စတင်ဝင်သည့်အချိန်တွင် မှိုများပေါက်ရောက်ကြောင်း၊ အချို့သောသူများမှာ မှိုပေါက်သည့်အချိန်ကို မိမိတို့အမှတ်အသားများဖြင့် မှတ်သားထားကြောင်း၊ သစ်ပင်၏အပင်ခြေရင်းများရှိ သစ်ရွက်ခြောက်/ သစ်ရွက်ဆွေးများတွင်လည်းကောင်း၊ မြေလွတ်/မြေရိုင်းများတွင်လည်းကောင်း၊ မိမိတို့နေထိုင်သည့် ခြံဝင်းများဘေးပတ်လည်ရှိ ခြံစည်းရိုးများတွင်လည်းကောင်း သဘာဝအလျောက်နေရာအနှံအပြား ပေါက်ရောက်လျက်ရှိပါသည်။
