Skip to main content

လူငယ်များ၏ စိတ်ကူးအိပ်မက် သို့မဟုတ် လူရည်ချွန်

ယခုနှစ် ဧပြီလကုန်ပိုင်းက လူရည်ချွန်များ လေ့လာရေးခရီးစဉ် သွားရောက်ကြသည့်သတင်းများကို ရုပ်မြင်သံကြား၊ ​သတင်းစာနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် မြင်ရ၊ ဖတ်ရှုရသည်။ နဝမတန်းမှ သည် ဒွါဒသမတန်းအထိ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအလိုက် အဆင့်ဆင့် စိစစ်ရွေးချယ်ထားပြီး ထိုက်ထိုက်တန်တန် ပါဝင်ခွင့်ရကြသော လူငယ်မောင်မယ်များ၏ လူရည်ချွန်လေ့လာရေးခရီးစဉ် မြင်ကွင်းများတွင် သူတို့၏ စိတ်အားတက်ကြွမှု၊ ရွှင်လန်းမှုနှင့် စူးစမ်းလေ့လာမှု၊ ပျော်ရွှင်မှုတို့ကို ထပ်တူခံစားရသည်။ လူငယ်များသည် ပင်ကိုသဘာဝအရ တက်တက်ကြွကြွဖြင့် နိုးကြားဖျတ်လတ်သည်။ လှုပ်လှုပ်ရှားရှား စိတ်အားထက်သန်လေ့ရှိသည်။ တီထွင်ဖန်တီးလိုစိတ်၊ စူးစမ်းလေ့လာလိုစိတ်၊ တာဝန်ယူလိုစိတ်၊ ဦးဆောင်လိုစိတ်၊ ပါဝင်ပူးပေါင်းလိုစိတ်၊ အားကိုးမှုကို ခံယူလိုစိတ် ပြင်းထန်ကြသည်။ ကြိုးစားအားထုတ်မှုနှင့်ပေါင်းစပ်ကာ သူတို့၏စိတ်ကူးစိတ်သန်းများကို အကောင်းဆုံးရွက်လွှင့်လိုစိတ်ရှိသည်။ ထိုသို့သော လူငယ်များအတွက် လူရည်ချွန်ဖြစ်ခွင့်ရခြင်းသည် အကောင်းဆုံးသော ပံ့ပိုးမှုဖြစ်ပြီး အခြားအခြားသော လူငယ်များအတွက်လည်း လေးစားအတုယူစရာပင် ဖြစ်ပါသည်။

အတန်းပညာနှင့်အတူ အတတ်ပညာပါ လေ့လာဆည်းပူးနိုင်ဖို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်ကြပါစို့

ကျောင်းသား ကျောင်းသူများ စနစ်တကျ စီတန်းစိုက်ပျိုးထားသော သီးပင် စားပင်များနှင့် တစ်ထပ်စာသင်ဆောင်များသည် အလွန်ပင်ပနံရလှသည်။ ထို့ပြင် သင်ထောက်ကူပစ္စည်းများ၊ စာသင်ခန်းအတွင်း ဆရာ ဆရာမများ၏ စာသင်ကြားနေမှု၊ ကျောင်းသား ကျောင်းသူများ၏ စိတ်ပါဝင်စားစွာ လိုက်ပါဆွေးနွေးသင်ယူနေမှုတို့မှာလည်း ဆရာနှင့် တပည့်တို့အကြား အပေးအယူမျှ Harmony ဖြစ်လျက်ရှိသည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်း (ညောင်နှစ်ပင်) တွင် ဖြစ်သည်။
Subscribe to