ရှေ့ထိုင်ခုံရှိ လယ်သမားကြီးတစ်ဦးက သွက်သွက်လက်လက် ပြန်ဖြေလိုက်သည်။ နေရာကား တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်တွင်ဖြစ်သည်။ ရန်ကုန် - မန္တလေးကားလမ်းဟောင်း၏ အနောက်ဘက်တစ်မိုင်ခန့်အကွာ လယ်ကွင်းအတွင်းရှိ အိမ်ဝိုင်းတွင်ဖြစ်သည်။ အိမ်ဝိုင်းအတွင်း နို့စားနွား ၁၅ ကောင်နှင့် ကျွဲခြောက်ကောင်ခန့် မွေးထားသည်။ ဥစားဘဲကလည်း ၂၅ဝ ခန့်ရှိသည်။ သဘာဝမြေဩဇာပုံခြောက်ပုံကလည်း စိုက်ခင်းအတွင်းထည့်ရန် အသင့်ဖြစ်နေသည်။ ခပ်လှမ်းလှမ်းရှိ ထိုင်းနှံကောက်မျိုးစပါး၊ မျိုးစေ့ထုတ်စိုက်ခင်းကလည်း စပါးသီးများဖြင့် အောင်မြင်ဖြစ်ထွန်းနေသည်။