Skip to main content

လူသားတိုင်းဘဝ အေးမြလှပဖို့ ရေကိုအကျိုးရှိရှိ ချွေတာသုံးစွဲကြပါစို့

ကျွန်ုပ်တို့နေထိုင်ရာ ဤမြေကမ္ဘာ၏ စိမ်းမြလတ်ဆတ်မှုအတွက်လည်းကောင်း၊ လူသတ္တဝါအားလုံးတို့၏ အသက်သွေးကြော ရှင်သန်စီးဆင်းရာအတွက်လည်းကောင်း၊ ရေသည် တုပြိုင်ကင်းသော ရင်းမြစ်ဖြစ်ပါသည်။ “ထမင်းအသက်ခုနစ်ရက်၊ ရေအသက် တစ်မနက်” ၊ “ရွှေကိုမလို ရေကိုသာလိုသည်” ဟူသော စကားပုံများကဲ့သို့ပင် ရေရရှိမှုမရှိပါက အသက်ခန္ဓာများလည်း တည်မြဲမည်မဟုတ်၊ စည်းစိမ်ဥစ္စာတို့လည်း အရေးကြီးမည်မဟုတ်၊ ငြိမ်းချမ်းအေးမြလှပသော လူ့အဖွဲ့အစည်းကိုလည်း တည်ဆောက်နိုင်မည်မဟုတ်ပါ။

လူငယ်တွေကို အန္တရာယ်ထဲတွန်းပို့နေတဲ့ ဂိမ်းတွေကို . . . သတိပြု

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

PDF ဂိမ်း‌ထောင်ချောက်တွင် ကိုယ့်ကိုယ်ကိုယ် မနှစ်မိပါ‌စေနှင့် …

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။

တိုးချဲ့စိုက်ပျိုးသင့်သည့် ဆီထွက်သီးနှံ

စားဝတ်နေရေးလို့ခေါ်တဲ့ လူ့ဘောင်လောကရဲ့လိုအပ်ချက်တွေထဲမှာ နေ့စဉ် စားသောက်နေရဖို့က အခြေခံအကျဆုံးအရာတစ်ခုဖြစ်ပါတယ်။ စားသုံးကြရတဲ့ အစားအစာများကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နိုင်ရေးဟာ အရေးပါလှသလို အစားအစာများဟာ အာဟာရပြည့်ဝဖို့နဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးသည် အလွန်အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ဖြစ်လာပါတယ်။ နေ့စဉ်စားသုံးနေကြတဲ့ အစားအစာတွေကို ဖန်တီးတဲ့နေရာမှာ မပါမဖြစ် အသုံးပြုနေကြရတဲ့ စားသုံးဆီသန့်ရှင်းရေးနဲ့ ဖူလုံစွာထုတ်လုပ်နိုင်ရေးဟာ မျက်မှောက်ခေတ်ရဲ့စိန်ခေါ်မှုတစ်ခုအဖြစ် ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ မြန်မာ့လူဦးရေတိုးတက်လာတာနဲ့အတူ ပြည်တွင်းစားသုံးဆီလိုအပ်မှုဟာ ပိုမိုများပြားလာပါတယ်။ ဒါကြောင့် ဘေးအန္တရာယ်ကင်းရှင်းတဲ့ စားသုံးဆီတွေကို ဖူလုံအောင် စိုက်ပျိုးထုတ်လုပ်ကြဖို့ လိုအပ်လာပြီပဲ ဖြစ်ပါတယ်။

လူသားချင်းစာနာမှု အစဉ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး

ကြက်ခြေနီဆိုသည်မှာ စေတနာ့ဝန်ထမ်းဖြစ်သည်။ ထိုအသင်း၏ အဓိကရည်ရွယ်ချက်မှာ ရှေးဦးသူနာပြုစုနည်းလမ်းဖြင့် လူသားတို့၏ အသက်အန္တရာယ်ကို ကူညီ၊ ကာကွယ်စောင့်ရှောက်ကယ်တင်ခြင်းပင်ဖြစ်သည်။ လူနာတစ်ဦးကို တွေ့ရှိသောအခါ ဆေးရုံ၊ ဆေးပေးခန်းသို့ ချက်ချင်း သို့မဟုတ် အချိန်ပိုင်းအတွင်း မပို့ဆောင်နိုင်ပါက လူနာ၏အသက်အန္တရာယ်အား အတတ်နိုင်ဆုံးနည်းလမ်းဖြင့် ကာကွယ်စောင့်ရှောက်ကယ်တင်ခြင်းပင်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်အခြေအနေအရပ်ရပ်ကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များကြားတွင် လူသားတို့၏အသက်အန္တရာယ်ကို မထိခိုက်စေရန်အတွက် မိမိတို့တတ်စွမ်းသမျှ အသိပညာ အတတ်ပညာတို့ဖြင့် အရေးပေါ်ကူညီဆောင်ရွက်ခြင်းသည် ကြက်ခြေနီဟူသော စေတနာ့ဝန်ထမ်းများပင်ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Subscribe to