တပေါင်းလ စာအလင်္ကာများ
မြန်မာ့စာပေယဉ်ကျေးမှုများသည် ဗုဒ္ဓစာပေများနှင့် အနည်းအများဆိုသလို တစ်နည်းမဟုတ်တစ်နည်း ဆက်နွှယ်မှုရှိနေပေသည်။
အခါအားလျော်စွာ နံနက်မိုးလင်းတရားတော်နှင့် ပရိတ်ပဋ္ဌာန်းရွတ်ဖတ်သည်ကို ကြားနာရသောအသံ၊ နံနက်ချိန်ခါတေးသံသာများကို နားဆင်ရသောအသံများသည် ကြည်နူးရပါ၏။
