ဝါဂွမ်းထွက်ပစ္စည်းများ
ဘာသာဒင့်ဝါမျိုးစိတ်သည် ဂွမ်းမွေးအရှည်ဆုံးဖြစ်ပြီး အာဘိုးရီးယံဝါမျိုးစိတ်သည် အတိုဆုံးဖြစ်သည်။ ဟာဆူတံဝါမျိုးစိတ်မှာ အလယ်အလတ်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ဝါကြီးမျိုး၏ ဂွမ်းမွေးအရှည် မှာ ၁၉-၂၁ မမ၊ ဝါကလေးမျိုးမှာ ၂၀ မမ၊ မလှိုင် ဝါမျိုးများမှာ ၂၂-၂၃ မမနှင့် လွန်ကျော် ၃ ဝါမျိုးမှာ ၂၇-၃၀ မမ အသီးသီးဖြစ်ကြသည်။ ထိုသို့ဝါမျိုး၏ ဗီဇအပြင်အပူချိန်မြင့်မားခြင်း၊ မြေအစိုဓာတ် မလုံလောက်ခြင်း၊ ပိုတက်စီယံဓာတ်မလုံလောက်ခြင်း၊ ကြိတ်စက်တွင် ဂွမ်းမွေးအပြတ်များခြင်း စသည်တို့သည်လည်း ဂွမ်းမွေးကို တိုစေနိုင်သည်။
