Skip to main content

PDF ဂိမ်း‌ထောင်ချောက်တွင် ကိုယ့်ကိုယ်ကိုယ် မနှစ်မိပါ‌စေနှင့် …

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း (၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပါဝင်စစ်ရေးပြကြမည့် စစ်ရေးပြစစ်ကြောင်းကြီးများမှ တပ်မတော်သားများအား ဂုဏ်ပြုဖျော်ဖြေပွဲအား သွားရောက်အားပေး

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း (၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပါဝင်စစ်ရေးပြကြမည့် စစ်ရေးပြစစ်ကြောင်းကြီးများမှ တပ်မတော်သားများအား ဂုဏ်ပြုဖျော်ဖြေပွဲအား သွားရောက်အားပေး

မြတ်ဗုဒ္ဓ၏ ပြည်တော်ဝင်အခါတော်နေ့ တို့တစ်တွေရင်မှာမွေ့ ထိန်းကြပါစို့မမေ့

တပေါင်းသာခေါင် လများနောင်ဆိုသည့် ဆိုရိုးနှင့်အညီ မြန်မာလများတွင် တပေါင်းလသည် ၁၂ လမြောက်နောက်ဆုံးလဖြစ်ပြီး သာယာတင့်မောဖွယ်ရာလဟုဆိုကြသည်။ ဆောင်းအကုန် နွေအကူး မိန်ရာသီအစချိန်ကာလကလည်းဖြစ်ကာ ဆောင်းတစ်ဝက် နွေတစ်ဝက်လပင်ဖြစ်သည်။ နေ့ပူလို့ ညချမ်း၊ တပေါင်းလ လသရမ်းဟု ဆိုစမှတ်ပြုကြသည်။ လောကသဘာဝတစ်ခုလုံးသည် သစ်ပင်များ ရွက်ဟောင်းစွန့်၍ ရွက်သစ်လွန့်ကာ အညွန့်အညှောက်များ ပေါ်ထွက်ခြင်းဖြင့် တင့်တယ်လှနေသည်။ ရှင်ဥတ္တမကျော်သည် သူ၏တောလားကဗျာတွင် တပေါင်းလ၏ တင့်တယ်သာယာပုံကို “လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ရော်ယီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတစ်ဝက်၊ ဖက်၍ဆေးစုံ၊ ခြယ်သော ပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား”ဟု ဖွဲ့ဆိုခဲ့သည်။
Subscribe to