ကမ္ဘာ့မိုးလေဝသနေ့ကို နှစ်စဉ် မတ်လ ၂၃ ရက်နေ့ သည် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နဲ့ အဖွဲ့ဝင်နိုင်ငံတွေက အမျိုးသားမိုးလေဝသနှင့် ဇလဗေဒဌာနများအနေနဲ့ ခမ်းခမ်းနားနားကျင်းပကြတဲ့ ကမ္ဘာ့မိုးလေဝသနေ့ဖြစ်ပါတယ်။ မိုးလေဝသ၊ ရာသီဥတုနဲ့ဇလဗေဒဆိုင်ရာ လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ဆောင်ပုဒ် တစ်ခုနဲ့ ကမ္ဘာ့မိုးလေဝသနေ့ကို ၁၉၆၁ ခုနှစ်မှ စတင်၍ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ရာမှာ ယခုနှစ်အတွက် ဆောင်ပုဒ်ကတော့ (At the Frontline of Climate Action- ရာသီဥတုကောင်းမွန်ရေး အလေးထားဆောင်ရွက်ပေး) ဖြစ်ပြီး ရာသီဥတုပြောင်းလဲလာမှုရဲ့ သိသာထင်ရှားလာတဲ့ သက်ရောက်မှုတွေကို လျော့ပါးသက်သာစေနိုင်ဖို့အတွက် ရာသီဥတု ပြောင်းလဲလာမှုအပေါ် တုံ့ပြန်မှုလုပ်ငန်းအစီအစဉ် တိုင်းမှာ ကျွန်ုပ်တို့အားလုံး တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြစေလိုတဲ့ ရည်ရွယ်ချက်များ နဲ့ကျင်းပကြမှာ ဖြစ်ပါတယ်။