Skip to main content

စားဆီဈေးများ မတက်စေချင်

အိမ်ထောင်စုတစ်ခုအတွက် မီးဖိုချောင်စရိတ်က အဓိကဟုပြောရမည်ထင်ပါသည်။ အသက်ရှင်ရပ်တည်ရေးအတွက် စားဝတ်နေရေးလိုအပ်သည်။ စားဝတ်နေရေးတွင် စားရေးက ထိပ်ဆုံးလိုအပ်ချက် ဖြစ်ပါသည်။ ထို့ကြောင့်ပင် ဝင်ငွေရှာကြသည့်အခါ စားစရိတ်ဖန်တီးရခြင်းက ပင်မဖြစ်လာပါသည်။ မီးဖိုချောင်စရိတ်ခေါ် စားစရိတ်ကိုကြည့်လျှင် အခြေခံစားသောက်ကုန် ကိုးမျိုးအတွက် မဖြစ်မနေကုန်ကျ ကြပါသည်။ ဆန်၊ စားဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ အသားနှင့်ငါးများ၊ ကြက်ဥ၊ ဘဲဥများ၊ ပဲမျိုးစုံ အစို/အခြောက်များနှင့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များဖြစ်ကြပါသည်။ ဤကိုးမျိုးတွင် စားဆီသည် အရေးကြီးမှုအဆင့်အနေဖြင့် နံပါတ်နှစ်တွင်ရှိပါသည်။ ဆန်ကမူ မရှိမဖြစ်လိုအပ်ချက်ဖြစ်သကဲ့သို့ ဆီမှာလည်း လူ၏ ကျန်းမာရေးနှင့် လိုအပ်သောစွမ်းအင်အတွက် ဆီကိုစားသုံးကြရပါသည်။ ဆီမပါလျှင် မဖြစ်သည့် မီးဖိုချောင်စရိတ်တွင် ဆီဈေးနှုန်းများသည် ယခင်နှစ်က များစွာဈေးတက်ခဲ့သည်ကို တွေ့ကြုံခဲ့ရပြီး ဖြစ်ပါသည်။ ယခုနှစ်တွင်တော့ ထိုသို့မြင့်တက်ခြင်း မဖြစ်စေလိုပါ။

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် တောင်သူလယ်သမားနေ့အကြောင်း အသိပညာပေး Talk Show ပြုလုပ်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် တောင်သူလယ်သမားနေ့အကြောင်း အသိပညာပေး Talk Show ပြုလုပ် စမ်းချောင်း မတ် ၃ ဖြူသွယ်ထွန်း

ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ တောင်သူ လယ်သမားနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ တောင်သူ လယ်သမားနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ ကြည့်မြင်တိုင် မတ် ၃ ခိုင်ဇာလင်း (ပြန်/ဆက်)

ဒေးဒရဲမြို့နယ်၌ (၄၈) ကြိမ်မြောက် ဖျာပုံခရိုင် လေးမြို့နယ် ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေအာဂုံ/ရေးဖြေစာမေးပွဲကြီး ဆုနှင်းသဘင်ကျင်းပ

ဒေးဒရဲမြို့နယ်၌ (၄၈) ကြိမ်မြောက် ဖျာပုံခရိုင် လေးမြို့နယ် ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေအာဂုံ/ရေးဖြေစာမေးပွဲကြီး ဆုနှင်းသဘင်ကျင်းပ ဒေးဒရဲ မတ် ၃ အေဇာလင်း

ဒေသတစ်ခု ထုတ်ကုန်တစ်မျိုးဖြစ်သည့် ဟုမ္မလင်းခေါင်ခမ်း လက်ဖက်လုပ်ငန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ပြောင်းလဲနေသောခေတ်စနစ်နှင့်အညီ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစသည့်ကဏ္ဍများ၏ တိုးတက်ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် ပုဂ္ဂလိကစီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

ဤတရားဆိုးများအပေါ် မေတ္တာလက်နက်ဖြင့်သာ …

ယနေ့လူ့အဖွဲ့အစည်း၏ စရိုက်များ၊ သုစရိုက်ထက် ဒုစရိုက်များနေသည်၊ ကုသိုလ်အမှုထက် အကုသိုလ်က ပိုများနေသည်။ ကာယကံ၊ ဝစီကံ မဟုတ်လျှင်တောင် မနောကံကမလွတ်၊ မိမိနှင့်ဆန့်ကျင်သူ မုန်းသူဖြစ်လျှင် မုန်းသည့်စိတ်ဖြင့် သေစေရန်တောင့်တကြ၊ ပျက်စီးမှုကို လိုလားကြသည်၊ သေပါစေ၊ ပျက်စီးပါစေသဘော။ သီလ၊ သမာဓိ၊ ပညာဂုဏ်ရှိသူပင်မချန် မစောင့်စည်းနိုင်ကြ၊ ပြစ်မှားကြံစည်လွန်းကြသည်။ ဗျာပါဒဟုခေါ်သည့် ဒေါသအခြေခံတရား ကိုယ့်သဘောတစ်ခုပင်ဖြစ်သည်၊ ရိုးရိုးဒေါသမဟုတ် ဒီလူသေသွားရင် ကောင်းမှာပဲ၊ ပျက်စီးသွားရင်ကောင်းမှာပဲ စသည်ဖြင့် လွယ်လွယ်ဖြစ်စေချင်ကြသည့် မနောကံဒုစရိုက်အတွေးများ တွေးရုံမျှနှင့်ပင် အကုသိုလ်ကံအဘယ်မျှကြီးမားကြောင်း မသိကြ၍ဖြစ်သည်။

တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းကာကွယ်ရေး

ဇီဝမျိုးစုံမျိုးကွဲဆိုတာကတော့ ကမ္ဘာပေါ်မှ ဇီဝကွဲပြားမှုအမျိုးမျိုးကို ဆိုလိုတာဖြစ်ပြီး အပင်တွေ၊ သတ္တဝါတွေ၊ သေးငယ်တဲ့ အဏုဇီဝရုပ်တွေရဲ့ သက်ရှိလက္ခဏာပုံစံအမျိုးမျိုးနဲ့ အဲဒီသက်ရှိတွေ ပါဝင်နေတဲ့ ဂေဟစနစ်တွေဖြစ်ပါတယ်။ ဂေဟစနစ်ရဲ့ အကျဉ်းချုပ်အဓိပ္ပာယ်ကတော့ သက်ရှိ (အပင်နဲ့ တိရစ္ဆာန်) တွေနဲ့ သက်မဲ့ရုပ်ဝတ္ထု (ရေ၊ မြေ၊ လေ၊ အပူချိန်၊ စိုထိုင်းဆ စသည်)တွေ တစ်ခုနဲ့တစ်ခု ညီညွတ်မျှတစွာ အပြန်အလှန်ဆက်နွှယ်ပေါင်းယှက်နေတဲ့ သဘာဝစနစ်ကို ခေါ်ဆိုတာပဲ ဖြစ်ပါတယ်။

ဖွဲနုဆီထုတ်လုပ်မှုမှသည် ပြည်တွင်းစားသုံးဆီဖူလုံရေးကို အထောက်အကူပြုစေမည်

စပါးသည် မြန်မာနိုင်ငံ၏ ပင်မစိုက်ပျိုးရေးပင်။ စပါးမှဆန်ကို အချောထုတ်ယူပြီး ထွက်ရှိလာသည့် ဘေးထွက်ပစ္စည်းများကို တိရစ္ဆာန်အစာနှင့် စိုက်ပျိုးရေးအတွက် ပြန်လည်အသုံးပြုကြသည်။ ထိုသို့ဆန်ကြိတ်ခွဲခြင်းမှ ထွက်ရှိလာသည့်ဖွဲနုကို ယခင်က တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြသော်လည်း ယခုအခါ Solvent Extraction and Physical Refining နည်းပညာနှင့် ပေါင်းစပ်ကာ စားသုံးနိုင်သည့်ဖွဲနုဆီအဖြစ် ထုတ်လုပ်အသုံးပြုနေကြပြီဖြစ်သည်။
Subscribe to