နိုင်ငံအတွက် ယခုအချိန်ဟာ အချုပ်အခြာနဲ့ ပြည်ထောင်စုအရေး၊ တိုင်းရင်းသားအရေးများ အလွန်အရေးကြီးနေချိန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်ကြီး အဘက်ဘက်က အင်အားဆုတ်ယုတ်ချည့်နဲ့သွားအောင် ဝိုင်းဝန်းပူးပေါင်း လုပ်ကြံနေတဲ့အချိန်လည်းဖြစ်တယ်။ နိုင်ငံတော်အစိုးရအနေနဲ့က ကိုယ့်ပြည်တွင်းအားကိုပဲယုံပါတယ်။ ဒါကြောင့်လည်း မရရအောင် တည်ဆောက်နေတာပဲဖြစ်တယ်။ အကျိုးလိုလို့ညောင်ရေလောင်း မစ္ဆရိယအားကြီးသူပြည်ပနိုင်ငံတွေနဲ့ ကောက်ကျစ်တဲ့ပြည်တွင်းလောက်ကောင်တွေကြားမှာ ပြည်ထောင်စုကြီးမပြိုကွဲသွားအောင် ရှိတဲ့တိုင်းရင်းသားတွေ ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးနဲ့ ရန်ငါမဖြတ်ဘဲ အတူတကွနေထိုင်ကြရလေအောင် အားသွန်ခွန်စိုက် ကြိုးစားအားထုတ်နေရတဲ့ အချိန်လည်းဖြစ်တယ်။ ဒီလိုရည်ရွယ်ချက်တွေကြောင့်လည်း အတည်ပြုပြဋ္ဌာန်းပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခုလို အာဏာတည်စေလိုက်ရတာဖြစ်ပါတယ်။