နိုင်ငံတစ်နိုင်ငံအတွက် နယ်မြေတည်တံ့မှု၊ အချုပ်အခြာအာဏာပိုင်စိုးမှုနဲ့ အမျိုးသားလွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ဖို့အတွက် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ နိုင်ငံတိုင်းက မိမိတို့နိုင်ငံကို ကာကွယ်ဖို့ကာကွယ်ရေးစီမံချက်အသီးသီးကို ချမှတ်ကြတဲ့အခါ နိုင်ငံအများစုမှာ အရွယ်ရောက်သူနိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရဥပဒေကို ပြဋ္ဌာန်းအကောင် အထည်ဖော်ကြလေ့ရှိပါတယ်။