Skip to main content

ထိန်းသိမ်းကာကွယ် သစ်ပင်သစ်တော ပြုန်းတီးမှုအန္တရာယ်

ကမ္ဘာတွင် သဘာဝသယံဇာတများ ရှားပါးခြင်း၊ သစ်တောပြုန်းတီးခြင်း၊ သဘာဝဂေဟစနစ် ပျက်စီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ အရင်း အမြစ်များ ယိုယွင်းလာခြင်း၊ ရေညစ်ညမ်းမှုနှင့် လေညစ်ညမ်းမှု စသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် စိန်ခေါ်မှုမျိုးစုံဖြင့် ခြိမ်းခြောက်လျက် ရှိပါသည်။ မဲခေါင်ဒေသသည် သစ်တောကို အမှီသဟဲပြုနေသည့် ခန့်မှန်းခြေလူဦးရေ ၈၅ သန်းတို့၏ မှီတင်း နေထိုင်ရာ ဒေသတစ်ခုဖြစ်ပြီး ထိုလူဦးရေ၏ သုံးပုံတစ်ပုံကျော်သည် ဒေသခံတိုင်းရင်းသားများ ဖြစ်ကြသည်။ ဒေသအတွင်းရှိ ခန့်မှန်းခြေလူဦးရေ၏ ၃၀ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးကြသည့်အတွက်သဘာဝအရင်းအမြစ်များကို ရယူသုံးစွဲမှုနှင့် စီးပွားရေးပိုမိုဖွံ့ဖြိုးတိုး တက်လာမှုတို့ကြောင့် ၁၉၉၀ နှင့် ၂၀၁၅ အတွင်း ပျမ်းမျှသစ်တော ၄ ဒသမ ၉ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ပြီး မဲခေါင်ဒေသရှိ သစ်တောအသိုင်းအဝိုင်းသည် တောတောင်ရေမြေပေါ်တွင်အခြေခံ၍ ရေရှည်ထိန်းသိမ်းလုပ်ကိုင်သွားနိုင်ရေး ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်ရသည်။ ဒေသတွင်းနိုင်ငံများအားလုံးသည် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အလားတူပြဿနာများ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသည့်အတွက် သစ်တောပြုန်းတီးမှု ကြုံတွေ့နေမှုအပေါ် ကာကွယ်နိုင်ရေးအတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါသည်။

ကျောက်တလုံးကြီးမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာအသိပညာပေးTalk Show ပြုလုပ်

ကျောက်တလုံးကြီးမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာအသိပညာပေးTalk Show ပြုလုပ် ကျောက်တလုံးကြီး ဖေဖော်ဝါရီ ၁၄ ဇော်နိုင်လင်း
Subscribe to