၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ခန့်အပ်ခဲ့သည့် နိုင်ငံတော်စာရင်း စစ်ချုပ်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် အစိုးရစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း ကျောင်းကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ ပထမဆုံး သင်တန်းကျောင်းကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်း၊ ပန်းဘဲတန်းမြို့နယ်၌ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။