Skip to main content

မိသားစုဘဝ ပိုမိုလှပဖို့ လမ်းလျှောက်ကြပါစို့

နိုင်ငံတစ်နိုင်ငံ ဘက်စုံဖွံ့ဖြိုးရေးပညာရေးနှင့် ကျန်းမာရေးကဏ္ဍသည် လွန်စွာအရေးပါသည်။ ကျန်းမာမှ ဆောင်ရွက်နိုင်မည့်လုပ်ငန်းများ များစွာရှိပါသည်။ ကျန်းမာမှ ပညာသင်ကြားခွင့်၊ မိမိအနာဂတ်ကို ကိုယ်တိုင်ဖန်တီးခွင့်ရရှိမည်ဖြစ်သည်။ ကျန်းမာရေးသည် လူတိုင်း အလေးထား လိုက်နာစောင့်ရှောက်သင့်သည်။ အသိနောက်မကျသင့်သည့် အရေးကိစ္စများတွင် ကျန်းမာရေးလည်းပါဝင်သည်။ အသိနောက်မကျအောင် သတိပြုဆောင်ထားရမည်က “လူတိုင်းချင့်တွေး ကျန်းမာရေး”ပင် ဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ ကမ္ဘာတစ်ဝန်းစည်းလုံးစို့

ဒီဇင်ဘာလ ၉ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ ဖြစ်ပါသည်။ ကုလသမဂ္ဂအထွေထွေညီလာခံသည် ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းကို ချမှတ်ခဲ့ပြီး ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အသက်ဝင်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ကမ္ဘာ့နိုင်ငံများသည် ကောင်းမွန်သော အုပ်ချုပ်ရေး၊ တာဝန်ယူမှုနှင့် နိုင်ငံရေးကတိကဝတ်များ၏ အရေးပါမှုကို ပြသသည့်အနေဖြင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတာဝန်များကို အဖွဲ့ဝင် ၁၈၈ နိုင်ငံက ကတိပြုခဲ့ကြသည်။

ကျေးရွာထုတ်ကုန် တိုးမြှင့်ဖို့ ဈေးကွက်ရှာဖွေ ဖန်တီးစို့

မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၃၀၀၀ ကျော်ရှိပြီး နိုင်ငံ့လူဦးရေ၏ ၇၀ ဒသမ ၄ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပါသည်။ ၂၀၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် မြန်မာနေထိုင်မှုအခြေအနေ စစ်တမ်း ၂၀၁၇ အရ ကျေးလက်လူဦးရေ၏ ၃၀ ဒသမ ၂ ရာခိုင်နှုန်းဖြစ်သော ၁၁ ဒသမ ၂ သန်းခန့်သည် ဆင်းရဲနွမ်းပါးသူများဖြစ်ကြပါသည်။ ပြည်တွင်းနှင့် နိုင်ငံတကာ အတွေ့အကြုံများအရ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ သာမက မိသားစုဝင်ငွေတိုးပွားရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးကိစ္စရပ်များကို ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။
Subscribe to