နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ “၀င်ရိုးတန်း” polarity ဆိုတဲ့ အသုံး အနှုန်းကို သုံးစွဲနေတာ ကြာပါပြီ။ Bipolar, unipolar, multipolar စသဖြင့် ဖြစ်ပါတယ်။ ခေတ်ကာလ အသီးသီးမှာ နိုင်ငံ တကာစနစ်တွေအပေါ် လွှမ်းမိုးချုပ်ကိုင်တဲ့ အင်အားကြီးနိုင်ငံတစ်နိုင်ငံ၊ နှစ်နိုင်ငံ စသဖြင့် မူတည်ပြီး ဝင်ရိုးတန်းပုံစံ အမျိုးမျိုး ရှိခဲ့ကြပါတယ်။