Skip to main content

အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး အစဉ်ထိန်းသိမ်း စောင့်ရှောက်လျက် ရှိသည့် မြန်မာအမျိုးသမီးများ

မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဖြင့် စည်းလုံးညီညွတ်စွာ ချစ်ခင်ပေါင်းစည်း မှီတင်းနေထိုင်ကြသည့် မြန်မာတို့သည် ပင်ကိုသဘာဝ အားဖြင့် တည်ငြိမ်လေးနက်၍ သဘောထားဖြူစင်သူများ ဖြစ်ပါသည်။ မိမိတို့အား အရင်းခံစိတ်ထားဖြင့် ချစ်ခင်လေးစား တတ်သူများကိုလည်း ချစ်ခင်ရင်းနှီးမှု၊ ဖော်ရွေပျူငှာမှုတို့ဖြင့် တုံ့ပြန်တတ်ပါသည်။ ထိုမျှမက သနားကြင်နာတတ်သော နှလုံးသားပိုင်ရှင် မြန်မာအမျိုးသမီးများမှာ သာ၍ပင် သဘောဖြူအူစင်း၊ စိတ်ထားနူးညံ့ ပျော့ပျောင်းကြပါသည်။

အမှားသံသရာနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC)

ကုလသမဂ္ဂနဲ့ သူ့လက်အောက်ခံ အဖွဲ့အစည်းတချို့ရဲ့  မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ် ဝေဖန်သုံးသပ် ပြောဆိုမှုတွေဟာ အတောမသတ်နိုင်ပဲ ရှိပါသေးတယ်။ အခုလည်း ကုလသမဂ္ဂအဖွဲ့ခွဲ တစ်ခုဖြစ်တဲ့ ဂျီနီဗာ အခြေစိုက် UNHRC လို့ခေါ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီဟာ သူ့ရဲ့ (၅၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံကို ပစ်မှတ်ထား စွပ်စွဲပြောဆိုခဲ့ပြန် ပါပြီ။
Subscribe to