Skip to main content

မြန်မာအက၊ မြန်မာဂီတ

(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်၌ မကြာမတင်အချိန်တွင် ကျင်းပတော့မည်ဖြစ်သည်။ မြန်မာအက မြန်မာဂီတတို့ကို နှစ်သက်ကြည်နူးဖွယ် ပြိုင်ပွဲအရောက် တောက်လျှောက် အားပေးနိုင်တော့မည်ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှု အနုပညာသည် မြန်မာ့သမိုင်း၊ မြန်မာတို့၏ ရိုးရာဓလေ့၊ မြန်မာတို့၏ မြင့်မားသော လူနေမှုအဆင့်အတန်း၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တို့၏ ခံ့ညားထည်ဝါမှု၊ အမျိုးသားရေး စိတ်ဓာတ်ကြံ့ခိုင်ကြီးမားမှုကို ရောင်ပြန်ဟပ်စေသည့် အရေးပါသောအခန်းကဏ္ဍ စသည့်ဂုဏ်ဒြပ်တို့ ပါဝင်နေပေသည်။ အနုပညာရပ်များစွာရှိသည့်အနက်မှ မြန်မာအကနှင့် မြန်မာဂီတပညာရပ်တို့သည် ခေတ်သမိုင်းစဉ်တစ်လျှောက် ခိုင်မြဲတိုးတက်ထွန်းကားလာခဲ့သည်ကို တွေ့နိုင်သည်။ ခေတ်အဆက်ဆက် ပညာရှင်များ တီထွင်ဖန်တီးခဲ့ကြသဖြင့် တိုးတက်ဖြစ်ထွန်းသည့်သဘောကို လည်းတွေ့ရသည်။

ပြောင်းလဲရန်လိုအပ်နေသော အသက်မွေးဝမ်းကျောင်းလုပ်ငန်း

ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက် မြောက်ဘက်တွင်တည်ရှိပြီး ခရိုင် ခြောက်ခရိုင်၊ မြို့နယ် ကိုးမြို့နယ်ဖြင့် ဖွဲ့စည်းထားကာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၀ ဒသမ ၄၇ သန်းကျော် နေထိုင်လျက်ရှိသည်။ တောင်ပေါ်ဒေသ ဖြစ်သဖြင့် ချမ်းအေးသော ရာသီဥတုရှိကာ အပူဆုံးသောလမှာ ဧပြီလနှင့်မေလဖြစ်ပြီး ပျမ်းမျှအပူချိန် မှာ ၆၀ ဒီဂရီဖာရင်ဟိုက်မှ ၇၀ ဒီဂရီဖာရင်ဟိုက်သာရှိသည်။ အအေးဆုံးကာလများတွင် အပူချိန်မှာ ၃၉ ဒီဂရီဖာရင်ဟိုက်မှ ရေခဲမှတ်အောက်ထိ ကျဆင်းတတ်သည်။ ပျမ်းမျှမိုးရေချိန်မှာ ၈၀ မှ ၁၀ဝ လက်မအတွင်းရှိပြီး အထူးသဖြင့် တောင်ပိုင်းဒေသများတွင် မိုးပိုများသည်။

မိုးညှင်းမြို့၌ စပါးသီးနှံတွင် ကျရောက်တတ်သော ပိုးမွှားရောဂါများ ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

မိုးညှင်းမြို့၌ စပါးသီးနှံတွင် ကျရောက်တတ်သော ပိုးမွှားရောဂါများ ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Subscribe to