Skip to main content

အသုံးချခံကုလသမဂ္ဂနှင့် မြန်မာနိုင်ငံ၏ကိုယ်စားပြုမှု

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို မကြာမီကျင်းပတော့မည်ဖြစ်ရာ မြန်မာနိုင်ငံ၏ကိုယ်စားပြုမှုနှင့် စပ်လျဉ်း၍ ပြည်ပဩဇာခံ အဖွဲ့အစည်းအသီးသီးမှ NUG အကြမ်းဖက်အဖွဲ့ကို အသိအမှတ်ပြုရေး ဝိုင်းဝန်းလှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသည်။

ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများ ပိုင်ဆိုင်ထားသည့် မြန်မာ

ဖိုရမ်သို့ တက်ရောက်လာသည့် အကြီးအကဲများနှင့် ကိုယ်စားလှယ်များသည် အကြီးအကဲ၏ ဆက်လက်ဆွေးနွေးမှုအပေါ် စိတ်ပါဝင်စားစွာ နားစွင့်နေကြသည်။ ဆွေးနွေးမည့် ခေါင်းစဉ်အရ ပထမအပိုင်းဖြစ်သည့် စားနပ်ရိက္ခာလုံခြုံရေး(Food Security) ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုအကြောင်း ဆွေးနွေးမှုကို ကြားသိခဲ့ရပြီးဖြစ်သည်။ ဒုတိယအပိုင်းတွင် မည်သို့ဆွေးနွေးမည်နည်း။ ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်း ကောင်းများတွင် မည်သို့သော အကြောင်းအရာများ ပါဝင်မည်နည်း။ မည်သို့သော ဆွဲဆောင်နိုင်မည့် အခွင့်အလမ်းများ ပေါ်လာမည်နည်း။ မည်သူတို့ကို ရည်ညွှန်း၍ မည်သူတို့၏ ရပိုင်ခွင့်ကို ဖော်ဆောင်မည်နည်းကို စိတ်ဝင်စားကြသည်။ ခေတ်၏ပြောင်းလဲမှုအရ ဘက်တစ်ဖက်တည်းကသာ အသာရသည့် စီးပွားရေးစနစ် မဟုတ်ကြောင်း မည်သို့ဆွေးနွေးမည်လဲကို နားစွင့်ကြသည်။
Subscribe to