၂၀၂၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ရာသီဥတုသာယာလျက်ရှိသည်။ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ရောက်ရှိ တည်းခိုလျက်ရှိသည့် Far Eastern Fedral University (FEFU)၏ ဧည့်ခန်းတစ်ခုအတွင်း သတင်းဌာနကြီးနှစ်ခုမှ ဝန်ထမ်းများအပြေးအလွှားပင် အလုပ်များနေသည်။ Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာနဟူသော နာမည်ကြီး မီဒီယာများပီပီ တခဏအတွင်းလိုအပ်သည့် ပြင်ဆင်မှုများပြီးသည်။ ချိန်းဆိုထားသည့်အချိန်၊ ချိန်းဆိုထားသည့်နေရာသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ရောက်ရှိစဉ်တွင် သူတို့၏ တွေ့ဆုံမေးမြန်းမှုကို စသည်။