Skip to main content

မြန်မာ့စာတတ်မြောက်မှု နည်းလမ်းမှသည် ကမ္ဘာ့ကလေးများ အသက်ရှင်ရေးဆီသို့ ......

နိုင်ငံတကာစာတတ်မြောက်ရေး ကြိုးပမ်းမှုသည် ၁၉၆၅ခုနှစ် စက်တင်ဘာလ ၈ရက်နေ့မှစ၍ ၁၂ရက်တိုင်တိုင် အီရန်နိုင်ငံ တီဟီရန်မြို့တွင် “ကမ္ဘာ့စာတတ်မြောက်ရေး ကွန်ဂရက် (World Literacy Congress)” ကြီး တစ်ရပ်ကျင်းပခဲ့ရာမှ စတင်ခဲ့ပါသည်။ ထိုပထမဦးဆုံး စာမတတ်သူ ပပျောက်ရေး ကမ္ဘာ့ညီလာခံကြီး ကျင်းပသည့်နေ့ကို ဂုဏ်ပြု၍ နှစ်စဉ်စက်တင်ဘာလ ၈ရက်နေ့ကို “နိုင်ငံတကာ စာတတ်မြောက်ရေးနေ့”ဟု ၁၉၆၆ ခုနှစ်တွင် ကျင်းပခဲ့သော ယူနက်စကို အထွေထွေညီလာခံကြီးက ပြဋ္ဌာန်းသတ်မှတ်ခဲ့ပါသည်။

ကိုဗစ်-၁၉ စတုတ္ထလှိုင်းနှင့် ပေါ့ဆ၍မရသည့် တစ်ကျော့ပြန် အိုမီခရွန်

ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်ပေးနေတဲ့ ကိုဗစ်-၁၉ စောင့်ကြပ်ကြည့်ရှုမှုနဲ့ ပတ်သက်တဲ့ သတင်းတွေထဲမှာ စက်တင်ဘာ ၆ ရက်က ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသွားသူ တစ်ဦးရှိခဲ့တာကို ကြားသိလိုက်ရပါတယ်။ ဒါတင်မကသေးပါဘူး။ ဩဂုတ်လလယ်လောက်ကစပြီး ကိုဗစ်-၁၉ အတည်ပြု လူနာသစ်စာရင်းတွေ တိုးလာခဲ့တာ နှစ်ရာခိုင်နှုန်းအထက် ရောက်လာတာမို့ ကိုဗစ်-၁၉ တစ်ကျော့ပြန် သတိပေးခေါင်းလောင်းသံမြည်လာခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အနာဂတ်၌ ပိုမိုအရေးပါလာမည့် စားနပ်ရိက္ခာလုံခြုံရေး (Food Security)

(၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) ကျင်းပပြုလုပ်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU) ၏ ခန်းမကြီးမှာ ခမ်းနားထည်ဝါလှသည်။ ခန်းမကြီး၏ ခမ်းနားထည်ဝါမှုကို အခမ်းအနား တက်ရောက်လာသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin၊ အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Nikol Pashinyan၊ မွန်ဂိုလီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Luvsannamsrain Oyun-Erdene၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ Mr. Li Zhanshu အစရှိသည့် နိုင်ငံ့ခေါင်းဆောင်များ အပါအဝင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပါဝင်တက်ရောက်ခြင်းက ပိုမို၍ ထည်ဝါစေခဲ့သည်။ ထိုထိုသော နိုင်ငံ့ခေါင်းဆောင်များသာမက ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံပေါင်း ၉၀ ကျော်မှ စီးပွားရေးဆိုင်ရာ တာဝန်ရှိသူများကလည်း ပါဝင်တက်ရောက်သည်ဖြစ်၍ အတိုင်းထက်အလွန်၊ တံခွန်နှင့်ကုက္ကားဟု ဆိုရလောက်အောင်ပင် တင့်တယ်လွန်းသည်ဟု ထင်မြင်မိသည်။
Subscribe to