မြန်မာ့ပြည်တွင်းရေးနဲ့ပတ်သက်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ လတ်တလောပြောကြားချက်တွေဟာ အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူတွေနဲ့ ကိုက်ညီရဲ့လား၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ပြောဆိုတာလဲ၊ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေက ဘာတွေလဲဆိုတာနဲ့ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေဟာ မြန်မာနိုင်ငံအတွက်သာမကဘဲ အာဆီယံအဖွဲ့ကြီးနဲ့ အဖွဲ့ဝင်နိုင်ငံတွေအတွက်ပါ စဉ်းစားစရာ ဖြစ်နေပါတယ်။