Skip to main content

အချိုးကျကိုယ်စားပြုစနစ်(PR )နှင့်  မြန်မာနိုင်ငံ

ကမ္ဘာ့နိုင်ငံအသီးသီးတွင် သမ္မတရွေးကောက်ပွဲများ၊ဥပဒေပြု လွှတ်တော်ရွေးကောက်ပွဲများ၊ ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ ရွေးကောက်ပွဲများ၊ မြူနီစီပယ်ရွေးကောက်ပွဲများကျင်းပရာ၌ မိမိကျင့်သုံးသည့် နိုင်ငံရေးစနစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများ၊ နိုင်ငံသမိုင်းကြောင်းအခြေအနေတို့အပေါ်မူတည်၍ ရွေးကောက်ပွဲစနစ်အမျိုးမျိုးကို ရွေးချယ်အသုံးပြုကြသည်။ ရွေးကောက်ပွဲစနစ်တစ်မျိုးတည်းသာအသုံးပြုခြင်း၊ လွှတ်တော်တစ်ရပ်လျှင် ရွေးကောက်ပွဲစနစ်တစ်မျိုးစီခွဲခြားကျင့်သုံးခြင်း၊ ရွေးကောက်ပွဲစနစ်နှစ်မျိုးပူးတွဲ ကျင့်သုံးခြင်း၊ ကျင့်သုံးခဲ့သည့်ရွေးကောက်ပွဲစနစ်ကို ပြန်လည်သုံးသပ်၍ ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးခြင်းတို့အပြင် မိမိနိုင်ငံနှင့်လိုက်လျောညီထွေဖြစ်မည့် ရွေးကောက်ပွဲစနစ်သစ်တစ်ခု တီထွင်အသုံးပြုခြင်းများလည်းရှိကြသည်။
Subscribe to