Skip to main content

မွန်ပြည်နယ်အတွင်း နေ့ချင်းပြန်ဆက်သွယ်သွားလာနိုင်သည်အထိ လမ်းကွန်ရက်လွှမ်းခြုံနိုင်ခဲ့ပြီ

သဘာဝအလှအပများ၊ ဘုရားပုထိုးစေတီများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ ဖော်ရွေပျူငှာမှုများနှင့် ပြည့်နှက်နေသည့် မွန်ပြည်နယ်သည် မြန်မာနိုင်ငံတောင်ပိုင်းတွင် တည်ရှိနေသည်။ ကျိုက်ထို၊ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ရေး၊ ပေါင်၊ ချောင်းဆုံ၊ သထုံ၊ ဘီးလင်း စသည့်မြို့၁၀ မြို့ဖြင့် ပြည်နယ်ကို ဖွဲ့စည်းထားသည်။

အစာနှင့် ရေထဲမှအန္တရာယ်

၁၈-၇-၂၀၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်) ရုံးသစ်ဖွင့်လှစ်ပွဲ သတင်းထဲ၌ “ပင်မဆောင်ရှိ ဓာတ်ခွဲခန်းတွင် Mercury (ပြဒါး)၊ Lead (ခဲ)စသော heavy metals (သတ္တုဓာတ်)များ ပါဝင်မှုနှုန်းစစ်ဆေးနေမှု၊ ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော ကုန်ကြမ်း (Active Pharmaceutical Ingredient) စစ်မှန်မှု ရှိ၊ မရှိနှင့် မလိုလားအပ်သော အရောအနှောများ ပါဝင်မှုကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးနေမှု၊ အစားအသောက်များတွင် ဆိုးဆေးများနှင့် တာရှည်ခံဆေးဝါးများ ခွင့်ပြုပမာဏထက် ကျော်လွန်သုံးစွဲခြင်း ရှိ၊ မရှိ၊ အစား အသောက်များတွင် လူကိုအန္တရာယ်ဖြစ်စေနိုင်သော မှိုပါဝင်ခြင်း ရှိ၊ မရှိ စမ်းသပ်စစ်ဆေးနေမှု၊ အစားအသောက်များထုတ်လုပ်ရာတွင် အသုံးပြုသော ကုန်ကြမ်းများ၏ စစ်မှန်မှုနှင့်အရည်အသွေး ဓာတ်ခွဲစမ်းသပ်စစ်ဆေးနေမှု၊ စားသုံးဆီများ၏အမျိုးအစား စစ်မှန်မှု ရှိ၊ မရှိနှင့် ဆီအမျိုးအစားများ ပါဝင်သည့် ပြည့်ဝဆီနှင့် မပြည့်ဝဆီများပါရှိနေခြင်း ဓာတ်ခွဲစမ်းသပ်မှုများ ဆောင်ရွက်နေ’’ ကြောင်း တွေ့ရပါသည်။

ဗိဿနိုးမြို့ဟောင်းမှ အနုပညာလက်ရာမြောက် ပျူအရိုးအိုးများ

ဗိဿနိုးမြို့ဟောင်းဟုဆိုလျှင် ရှေးပူရာဏကျမ်းများအရ ဒွတ္တဘောင်မင်းကြီး၊ ပန်ထွာမင်းသမီး (ဗိဿနိုးဘုရင်မ)၊ သိကြားပေးသော အတုလစည်တော်ကြီးနှင့် ရန်ပယ်ချောင်းတို့၏ ဒဏ္ဍာရီကို ဆက်စပ်သိရှိကြပါသည်။ ထိုဗိဿနိုးမြို့ဟောင်းသည် မြန်မာနိုင်ငံတွင် ထင်ရှားသော ရှေးဟောင်း လူမျိုးတို့၏ မြို့တော်များအနက် ရှေးကျသော ပျူမြို့တော်တစ်ခုဖြစ်ကြောင်း ရှေးဟောင်းသုတေ သနဦးစီးဌာန၏ တူးဖော်သုတေသနပြုမှုများက သက်သေပြခဲ့ပြီး ဖြစ်ပါသည်။
Subscribe to