နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်တွင်တည်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၏ တစ်ခုတည်းသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်းဖြစ်သည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လဟယ်မြို့နယ်၊ လေရှီးမြို့နယ်၊ နန်းယွန်းမြို့နယ်နှင့် ထန်ပါခွေ၊ ဆွမ္မရာ၊ ပန်ဆောင်၊ ဒုံဟီးမြို့တို့ပါဝင်ပြီး ကျေးရွာအုပ်စု ၁၁၆ အုပ်စု၊ ကျေးရွာပေါင်း ၂၆၆ ရွာတို့ဖြင့် လူဦးရေ ၁၃၇၈၆၁ ဦး နေထိုင်လျက်ရှိသည်။