Skip to main content

သဘာဝဘေးအန္တရာယ်သတိပြု ကြိုတင်ပြင်ဆင်ကာကွယ်

ကမ္ဘာတစ်ဝန်းတွင် ရာသီဥတုပြောင်းလဲခြင်းကို ရင်ဆိုင်နေကြရရာ မြန်မာနိုင်ငံသည်လည်း အပါအဝင်ဖြစ်သည်။ မုတ်သုံအဝင်နောက်ကျခြင်း၊ မုတ်သုံအထွက်စောခြင်း စသည့်ပြောင်းလဲမှုများကြောင့် မုတ်သုံကာလရက်ပေါင်း ၂၁ ရက်ခန့် တိုတောင်းလာသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအဓိကထားသော လူမှုစီးပွားဘဝကိုမြှင့်တင်လျက်ရှိရာ မုတ်သုံကာလတိုတောင်းမှုသည် မုတ်သုံမိုးကို မှီခိုနေရသည့် စိုက်ပျိုးရေးလုပ်ငန်းများကို အခက်အခဲဖြစ်စေသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှစ၍ မုတ်သုံကာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဓိကမြစ်ကြီးများတွင် နှစ်စဉ်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်မှာ ရာသီဥတု ပြောင်းလဲခြင်း၏ ထင်ရှားသောသာဓကဖြစ်သည်။
Subscribe to