မြန်မာအမျိုးသမီးများသည် ခေတ်အဆက်ဆက်တွင် ထုံးဓလေ့ အစဉ်အလာကောင်းများကို မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ ထိုသို့ ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသော မြန်မာအမျိုးသမီးများ၏ ဆောင်ရွက်ချက်များကို ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့သော စာပေများတွင် အထင်အရှားတွေ့မြင်ရသည်။