ပခုက္ကူဦးအုံးဖေတည်ထောင်သော (၂၈)ကြိမ်မြောက် ပခုက္ကူစာပေဆု
“စာဖတ်ပရိသတ်ပြည်သူများအတွက် အကျိုးပြုစာပေများ ရှင်သန်ထွန်းကားရေးနှင့် မြန်မာစာပေဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရန်”ဟူသော ရည်ရွယ်ချက်ဖြင့် ပခုက္ကူမြို့ ဗိုလ်ချုပ်လမ်းနေ သိန်းတစ်ရာဆေးပေါင်းရုံပိုင်ရှင် ဦးအုံးဖေက သူ၏စာပေဒါန မတည်လှူဒါန်းငွေများဖြင့် ၁၉၉၄ ခုနှစ်မှစ၍ ပခုက္ကူစာပေဆုကို နှစ်စဉ်ချီးမြှင့်ခဲ့ရာ ယခုနှစ်တွင် (၂၈)ကြိမ်မြောက် ပခုက္ကူစာပေဆုချီးမြှင့်ပွဲကို ဇူလိုင်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပရန် စီစဉ်နေကြလေပြီ။
