တန်ဖိုးထားအပ်သော ကမ္ဘာ့အလုပ်သမားနေ့
ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)သည် အလုပ်သမားထုကြီး၏ အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်ခဲ့ပြီးမှ ဖြစ်ပေါ်လာခဲ့ရသည့် တန်ဖိုးထားအပ်သော သမိုင်းဝင်နေ့တစ်နေ့ဖြစ်သည့်အတွက် ကမ္ဘာ့ နိုင်ငံအသီးသီးတွင် နှစ်စဉ် မေ ၁ ရက်ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ် အခမ်းအနားများ ကျင်းပလျက်ရှိသည့်နည်းတူ မိမိတို့မြန်မာနိုင်ငံတွင်လည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် မရှိမဖြစ်အရေးပါသည့် အဓိကစွမ်းအားစုကြီးဖြစ်သော မြန်မာအလုပ်သမားကြီးများအား ဂုဏ်ပြုကြသည့်အနေဖြင့် ကမ္ဘာ့အလုပ်သမားနေ့ကို ၁၉၃၈ ခုနှစ် မေ ၁ ရက်မှစတင်ပြီး နှစ်စဉ် ကျင်းပခဲ့ကြသည်။
