“ရွယ်တူကလေးတွေနှင့်အတူ ပညာသင်ကြားခွင့်၊ ကစားခွင့်နှင့် ပျော်ရွှင်ခွင့်မရသည့် ကလေး တစ်ယောက်ဟာ တစ်သက်မှာ တစ်ခါသာကြုံရသည့် ကလေးဘဝကို ဆုံးရှုံးခံလိုက်ရသူပါ။ ပြီးလျှင် သူ့ဘဝရှင်သန်မှုအတွက် အရေးအပါဆုံးဖြစ်သည့် ပေါင်းသင်းဆက်ဆံရေး အားနည်း သွားနိုင်သလို ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်မှုနှင့် မိမိကိုယ်ကို ယုံကြည်မှုတွေလည်း ကျဆင်း သွားနိုင်ပါသည်”