Skip to main content

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကျောင်းအပ်နှံရေးနေ့အခမ်းအနားတက်ရောက်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကျောင်းအပ်နှံရေးနေ့အခမ်းအနားတက်ရောက်

အာဆီယံစီးပွားရေးရာ ဆွေးနွေးအဖြေရှာ

အာဆီယံစီးပွားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးကို မေ ၁၈ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ကျင်းပခဲ့ပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ အာဆီယံဒေသတွင်း စိန်ခေါ်မှုများအား အတူတကွ ရင်ဆိုင်ဖြေရှင်းခြင်း၊ အာဆီယံ အေ စီ တီ (ASEAN A.C.T) ( Addressing Challenges Together ) ဆိုတဲ့ Theme နဲ့ ကျင်းပဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

သဘာဝအခြေပြုဖြေရှင်းနည်းများဖြင့် တစ်ခုတည်းသောကမ္ဘာမြေကို ပူးပေါင်းပါဝင် ထိန်းသိမ်းကြပါစို့

ဤကမ္ဘာမြေပေါ်ရှိ လူသားများအပါအဝင် သက်ရှိသတ္တဝါများ အားလုံးသည် ခေတ်အဆက်ဆက် ကမ္ဘာမြေပေါ်မှ သဘာဝအရင်းအမြစ်များကို မှီခိုထုတ်ယူသုံးစွဲရင်း မိမိတို့၏ နေ့စဉ်ဘဝများကို ဖြတ်သန်းလာခဲ့ကြပါသည်။ ကမ္ဘာမြေပြင်ပေါ်တွင် သက်ရှိများမှ မိမိတို့၏ စားဝတ်နေရေးအတွက် လိုအပ်သော မြို့ပြအဆောက်အအုံများ တည်ဆောက်ခြင်း၊ စိုက်ပျိုးမြေများချဲ့ထွင် စိုက်ပျိုးလုပ်ကိုင်ခြင်း၊ ရေရရှိရေးအတွက် ဆည်တာတမံ တည်ဆောက်ခြင်း စသည်တို့အတွက် ဆောင်ရွက်ရာမှ ကမ္ဘာမြေ၏ ရေထု၊ လေထု၊ မြေထုကို အသွင်သဏ္ဌာန်အမျိုးမျိုး ပြောင်းလဲဖန်တီးလာကြပါသည်။ ပြုန်းတီးနေသော သစ်တောများ၊ တိမ်ကောနေသော မြစ်များ၊ ပျက်စီးနေသော လယ်ယာမြေများ၊ ညစ်ညမ်းနေသော ရေထု၊ လေထု၊ မြေထုများမှာ လူသားများ၏ စီမံခန့်ခွဲမှုလွန်ကဲသော လုပ်ရပ်များ၏ ရလဒ်များပင် ဖြစ်ပါသည်။
Subscribe to