၂၀၁၁ ခုနှစ်နှင့် ယခု ၂၀၂၂ ခုနှစ် အစောပိုင်းကာလက ကမ္ဘာတစ်ဝန်း စီးပွားရေးအကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရသည်။ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်အတွင်းက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုများ၊ အလုပ်အကိုင်ရှားပါးမှုများ၊ ဝင်ငွေလျော့ကျမှုများ ရင်ဆိုင်ခဲ့ကြရသည်။ အထူးသဖြင့် ဝင်ငွေ နိမ့်ကျသော နိုင်ငံများတွင် စီးပွားရေးကျဆင်းမှုများကြောင့် ဆင်းရဲမှုနှုန်း ပိုမိုမြင့်တက်လာခဲ့သည်။