Skip to main content

ဒီမိုကရေစီဆိုတိုင်း ဒီမိုကရေစီမဟုတ်ပါ

ဒီမိုကရေစီထွန်းကားဖို့ဆိုရင် နိုင်ငံတစ်နိုင်ငံဟာ ဒီမိုကရေစီအမှန်တကယ် ထွန်းကားနိုင်စေတဲ့ လမ်းကြောင်းမှန် ပေါ်မှာလျှောက်လှမ်းနေဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒီမိုကရေစီစံနှုန်းတွေကို ပုံမှန်ဖွံ့ဖြိုးရှင်သန်လာစေရေး အင်တိုက် အားတိုက် ပြုစုပျိုးထောင်နေဖို့မဖြစ်မနေ လိုအပ်ပါတယ်။ နိုင်ငံသားတွေနဲ့ နိုင်ငံရေး အဖွဲ့အစည်း (နိုင်ငံရေးပါတီ) တွေမှာ ဒီမိုကရေစီဓလေ့စရိုက် ပေါ်ထွန်းစေဖို့ သင်ယူလေ့ကျင့်နေရန် မဖြစ်မနေ လိုအပ်ပါတယ်။ နိုင်ငံရေးဆိုင်ရာ အင်စတီကျူးရှင်းတွေကို ဒီမိုကရေစီနဲ့ စပ်အပ်လျော်ညီပြီး ခိုင်မာတောင့်တင်းတဲ့ အင်စတီကျူး ရှင်းတွေအဖြစ်တည်ဆောက်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ် ထွန်းကားပြီး တိုးတက်သာယာဝပြောတဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် မြင်လိုတွေ့လို ကြောင်း တွင်တွင်အော်နေကြတဲ့နိုင်ငံ -တချို့ဟာ အမှန်စင်စစ်မှာတော့ မြန်မာနိုင်ငံကောင်းစား မှာကို လုံးဝမလိုလားကြောင်း အထင်အရှားတွေ့မြင် နိုင်တဲ့အထောက်အထားတွေမြောက်မြားစွာရှိနေပြီဆိုတာ တွေ့မြင်လာရပါတယ်။ အထူးသဖြင့် လစ်ဘရယ် ဒီမိုကရေစီစနစ် တစ်ခုတည်းကိုမှကောင်းတဲ့နိုင်ငံရေး စနစ်ပါလို့ဟစ်ကြွေးကြပြီးတော့ တစ်ကမ္ဘာလုံးမှာ လစ်ဘရယ်ဝါဒတစ်ခု တည်းသာ လွှမ်းမိုးစေလိုတယ်ဆိုတဲ့ အနောက်နိုင်ငံကြီးတွေရဲ့ စိတ်စေတနာကို အခုအချိန်အခါမှာ မျက်ဝါးထင်ထင် တွေ့မြင်လာရပြီဖြစ်ပါတယ်။

ချွေတာသုံးစွဲကြစို့လေ တန်ဖိုးကြီးမားသော “ရေ”

စာရေးသူတို့ နေထိုင်ရာကမ္ဘာကြီးသည် ရေထုများသောကြောင့် ရေကမ္ဘာဟုပင် ခေါ်ကြပါသည်။ နေ့စဉ်လူနေမှုဘဝတွင် ရေသည် အဓိကအစိတ် အပိုင်းတစ်ခုဖြစ်သည်။ အဖိုးတန်၍ ရှားပါးလာသော သယံဇာတလည်း ဖြစ်သည်။ ရှားပါးသောအရာသည် တန်ဖိုးကြီးမားလှပြီး စာရေးသူတို့ အနေဖြင့် တန်ဖိုးကြီးမားသောအရာကို တန်ဖိုးထားတတ်ဖို့လည်း များစွာလိုအပ်ပါသည်။

ထိရောက်အကျိုးရှိသည့် သင်တန်းတစ်ခုဖြစ်ဖို့ရာ…

လူတိုင်းမဟုတ်သော်ငြား လူအများစုသည် ဘဝတွင်သင်တန်းတစ်ခု (သို့) တစ်ခုထက်ပိုသော သင်တန်းများကို တက်ရောက်ဖူးကြသူများ ဖြစ်ပါသည်။ သင်တန်းဆိုရာတွင် အသိပညာရပ် ဆိုင်ရာ သင်တန်း၊ သက်မွေးပညာသင်တန်း၊ အတတ်ပညာရပ်ဆိုင်ရာ သင်တန်း၊ ဘာသာစကား သင်တန်း စသည်ဖြင့် သင်တန်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုး ရှိပါသည်။ ကာလတိုဖြစ်စေ၊ ကာလရှည်ဖြစ်စေ၊ အချိန်ပိုင်းဖြစ်စေ သင်တန်းဟု ဆိုလိုက်သည်နှင့် အဆိုပါသင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်ရှိပြီး ဖြစ်ပါသည်။
Subscribe to